အ.ထ.က ခွဲ (၂၇) တွင် လူငယ်ရေးရာ ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ခြင်း

အ.ထ.က ခွဲ (၂၇) တွင် လူငယ်ရေးရာ ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ခြင်း

(၁၅-၈-၂၀၂၃)ရက်နေ့

၂၀၂၃ သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်း မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံ မြို့နယ်အပိုင်၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၅ လမ်း၊ ၅၅×၅၆ လမ်းကြားရှိ အမှတ် ( ၂၇ )အခြေခံပညာအထက်တန်းကျောင်းခွဲတွင် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများ၊ တာဝန်ခံ ကျောင်းအုပ် ဒေါ်ဝင်းမို့မို့ဇော်နှင့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ ဟောပြောပွဲတွင် ဒေါ်ဝင်းမို့မို့ဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးထွန်းထွန်းနိုင်မှ လူငယ်ရေးရာအကြောင်းအရာများအား ဟောပြောဆွေးနွေး၍ အခမ်းအနားပြီးစီးခဲ့ကြောင်းနှင့် အဆိုပါ ပြောပွဲနှင့်အတူ အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ သုတရသစာအုပ်၊ စာစောင်ခင်းကျင်းပြသခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူများမှ စိတ်ဝင်တစားကြည့်ရှု လေ့လာခဲ့ကြောင်း သတင်းရရှိပါသည်။