h12cover

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး (မန္တလေး)

Category: ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

 ရည်ရွယ်ချက်

(၁) ဤဦးစီးဌာန၏ အဓိက ရည်မှန်းချက်တာဝန်မှာ "ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေး" (Road Safety) ဖြစ်ပါသည်။

အဓိကလုပ်ငန်းများ။

(၁) အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် အသုံးပြုနေသော မော်တော်ယာဉ် များ အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ယာဉ်များကို စစ်ဆေး၍ ဥပဒေ နှင့်အညီ မှတ်ပုံတင်ပေးရန်။
(၂) မော်တော်ယာဉ်မောင်းများကို စစ်ဆေး၍ ယာဉ်မောင်းလိုင်စင်များကို ဥပဒေ နှင့်အညီ ထုတ်ပေးရန်။
(၃) လမ်းအသုံးပြုသူများ လိုက်နာရမည့် စည်းကမ်းချက်များကို သက်ဆိုင်ရာ ဌာနနှင့် ညှိနှိုင်း၍ ထုတ်ပြန်ရန်။
(၄) နိုင်ငံတော်မှ ရသင့်ရထိုက်သော ယာဉ်နှင့်ပတ်သက်သော အခွန်ငွေများကို ဥပဒေ၊နည်းဥပဒေနှင့်အညီ ကောက်ခံရန်။

ပြည်သူနှင့်ဆက်သွယ်ပေးရသည့် လုပ်ငန်းတာဝန်များ

(၁) ယာဉ်မောင်းလိုင်စင်များ ဖြေဆိုစေ၍ စစ်ဆေးထုတ်ပေးခြင်း
(၂) ယာဉ်မောင်းလိုင်စင်များ နှစ်လဲသက်တမ်းတိုးပေးခြင်း
(၃) မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို မှတ်ပုံတင်ပေးခြင်း
(၄) မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ နှစ်လဲသက်တမ်းတိုးပေးခြင်း
(၅) ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအသိပညာပေးဆောင်ရွက်ခြင်း

 

     
  ရုံးလိပ်စာ

သိပ္ပံလမ်း၊ ၇၃ x ၇၈ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂-၄၀၇၁၈၇၀
  အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ www.myanmarrtad.com
   Social Link www.facebook.com/roadtransport.mm/

 

Eservices   Topics
      
News