ပညာရေးစီမံအုပ်ချုပ်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနား

ပညာရေးစီမံအုပ်ချုပ်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနား

(၁၇-၈-၂၀၂၃)ရက်နေ့

                   ၂ဝ၂၃ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းအချိန်၌ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ (၃၃×၆၇) လမ်းထောင့်ရှိ မန္တလေးပညာရေးဒီဂရီကောလိပ်၊ ပညာ တန်ဆောင်ခန်းမတွင် အ​ခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအတွက် ပညာရေးစီမံအုပ်ချုပ်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးဝန်ကြီး ဦးအောင်မင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဒေါက်တာဝင်းထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်/ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်း၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မိုးမိုးကြည်နှင့် ဆရာ/ဆရာမများ၊ သင်တန်းသား အ​ခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများ၊ စုစုပေါင်း (၂ဝဝ) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

                   အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေမှ သင်တန်းအဖွင့်အမှာစကားပြောကြား၍ အခမ်းအနားပြီးစီးကြောင်း၊ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်းနှင့် အဆိုပါ ပညာရေးစီမံအုပ်ချုပ်မှု သင်တန်းအမှတ်စဉ် (၁/၂ဝ၂၃)သို့ အ​ခြေခံပညာအထက်တန်းကျောင်းအုပ်ကြီး ကျား(၃ဝ)၊ မ (၇ဝ)စုစုပေါင်း (၁ဝဝ)ဦး တက်ရောက်ခဲ့ပြီး (၁၅.၁၁.၂ဝ၂၃)ရက်နေ့အထိ ဘာသာရပ်သဘောတရား၊ သီအိုရီပိုင်းဆိုင်ရာများ၊ လက်တွေ့သဘောတရားများ၊ စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှုဆိုင်ရာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။