တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲ ဂုဏ်ပြုညစာစားပွဲ ကျင်းပပြုလုပ်သည့် အခမ်းအနား

တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲ ဂုဏ်ပြုညစာစားပွဲ ကျင်းပပြုလုပ်သည့် အခမ်းအနား

(၈-၈-၂၀၂၃) ရက်နေ့

၂ဝ၂၃ ခုနှစ် သြဂုတ်လ (၈)ရက်နေ့ ညနေပိုင်း အချိန်၌ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်း ကျင်ရပ်ကွက်၊ ၂၆×၂၇ လမ်းကြား၊ ၇၁ လမ်းရှိ မြို့တော်ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးသုတေသနဦးစီးဌာန၊ (၁၂) ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲကို ကျင်းပပြုလုပ်ခဲ့ရာ တိုင်းရင်းဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ်ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ စည်ပင်သာယာရေးဝန်ကြီးဦးကျော်ဆန်း၊ သယံဇာတ ရေးရာဝန်ကြီး ဦးရွှေဇင်၊ ​လမ်းပန်းဆက်သွယ်​ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်၊ တိုင်းရင်းတိုင်းရင်း ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိန်းဇော်လင်းတို့နှင့် သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ စုစုပေါင်း ၂ဝဝ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသား/သူများမှ "တိုင်းရင်းဆေး တက္ကသိုလ်ကျောင်းသီချင်း" ဖြင့် ဖွင့်လှစ်ခဲ့ပြီး ပါမောက္ခချုပ် ဒေါက်တာသိန်းဇော်လင်းမှ ကျောင်းသီချင်း ရေးစပ်သီကုံးပေးခဲ့သည့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၊ ဂီတဌာန ပါမောက္ခ/ ဌာနမှူး ဦးဇော်ဝင်းမင်းအား ဂါရဝပြုလက်ဆောင်ပေးအပ်ကာ တက်ရောက်လာကြသူများအား ဂုဏ်ပြု ညစာဖြင့်တည်ခင်းဧည့်ခံ၍ ကျောင်းသား/သူများမှ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး (၁၂)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲအား (၇.၈.၂ဝ၂၃)ရက်နေ့မှ (၈.၈.၂ဝ၂၃) ရက်နေ့အထိ အောင်မြေသာစံမြို့နယ်ရှိ တိုင်းရင်းဆေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။