ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ အင်ကြင်းကန်ကျေးရွာအုပ်စုရှိ နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပပြုလုပ်ခြင်း

ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ အင်ကြင်းကန်ကျေးရွာအုပ်စုရှိ နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပပြုလုပ်ခြင်း

 ၃-၈-၂၀၂၃ ရက်နေ့

၂၀၂၃ သြ ၀၃ ၀၉၀၀ ချိန် မှ ၁၀၃၀ ချိန်ထိ ရမည်းသင်းမြို့နယ်၊ အင်ကြင်းကန်ကျေးရွာအုပ်စုရှိ တောင်သူ ဦးစိုးခိုင် ပိုင်ဆိုင်သည့် ကွင်းအမှတ်-၁၁၁၂၊ ရွာတော်ကွင်းတွင် ရမည်းသင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးတစ်ဧကခန့်မှန်းတင်း (၁၂၀)တင်းထွက်ရှိရေး စံပြကွက်၊ စံကွက်ရိတ်သိမ်းပွဲကျင်းပပြုလုပ်ခဲ့ရာ      စံကွက်ရိတ်သိမ်းပွဲသို့ ရမည်းသင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မျိုးသန့်၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးမျိုးမြင့်ဦး နှင့်အဖွဲ့ တက်ရောက်ခဲ့ကြောင်း၊ အဆိုပါတောင်သူ ဦးစိုးခိုင် ပိုင်ဆိုင်သည့် လယ်ဧကတစ်ဧကတွင် နွေးစပါးစံကွက်ရိတ်သိမ်းခဲ့ရာ တင်း(၁၄၀) ထွက်ရှိခဲ့ပါကြောင်း တွေ့ရှိရပါသည်။