ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ မြို့မရပ်ကွက်အတွင်းရှိ ဖုန်းဆိုင်များ၊ စတိုးဆိုင်/နေအိမ်စျေးဆိုင်များ၊ ယစ်မျိုးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ မြို့မရပ်ကွက်အတွင်းရှိ ဖုန်းဆိုင်များ၊ စတိုးဆိုင်/နေအိမ်စျေးဆိုင်များ၊ ယစ်မျိုးဆိုင်များအား

ကွင်းဆင်းစစ်ဆေးခြင်း

 ၃-၈-၂၀၂၃ ရက်နေ့

(၃-၈-၂၀၂၃)ရက်နေ့၊ (၀၉၃၀)အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးတင့်လွင်(၁+၁)၊ မြို့မရဲစခန်းမှ ဒုရဲအုပ် စောနွဲ့အောင်ဆိုင်း(၁+၃)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးကျော်ထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးမိုးအေး၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးပြား(၁+၁)တို့အဖွဲ့မှ ရမည်းသင်းမြို့နယ်၊ မြို့မရပ်ကွက်အတွင်းရှိ ဖုန်းဆိုင်များ၊ စတိုးဆိုင်/နေအိမ်စျေးဆိုင်များ၊ ယစ်မျိုးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာ MyteI Sim Cardများ ၊ ငွေဖြည့်ကဒ်၊ မြန်မာဘီယာ၊ စီးကရက်နှင့် ဦးပိုင်ကုမ္ပဏီထုတ်ကုန်ပစ္စည်းများအား ရောင်းချလျက်ရှိပါကြောင်း တွေ့ရှိရပါသည်။