ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးခြင်း

ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးခြင်း

(၉-၈-၂၀၂၃) ရက်နေ့

၂ဝ၂၃ ခုနှစ် သြဂုတ်လ(၉)ရက်နေ့ နံနက်ပိုင်း၌ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေ မြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၊ ၄၂×၄၃လမ်းကြား၊ ၈၃ လမ်းပေါ်ရှိ ဘုရားကြီးစျေးဝန်းအတွင်း၌ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စျေးနှင့်သားသတ်ဌာန၊ ဌာနမှူး ဦးသက်နိုင် ဦးစီးသည့် ဝန်ထမ်း(၅ဝ)ဦးခန့်မှ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာ သောဈေးနှုန်းထားများဖြင့် ရောင်းချပေးခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာ ဝန်ကြီးဦးသိန်းဋ္ဌေးမှ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် စားအုန်းဆီတစ်ဗူး(၂၅ဝဝ) ကျပ်နှုန်း၊ ကြက်ဥတစ်လုံး (၂၄ဝ)ကျပ်နှုန်း၊ ဘဲဥတစ်လုံး (၃၁ဝ)ကျပ်နှုန်း၊ ငါးကြင်းဖြူ တစ်ပိဿာ(၉ဝဝဝ) ကျပ်နှုန်း၊ ငါးမြစ်ချင်း တစ်ပိဿာ (၆ဝဝဝ)ကျပ်နှုန်း၊ ငါးတန်တစ်ပိဿာ (၄ဝဝဝ)ကျပ်နှုန်း၊ ငါးအုံတုံ တစ်ပိဿာ (၆၅ဝဝ)ကျပ်နှုန်း၊ စလားဗီးယား တစ်ပိဿာ (၅ဝဝဝ)ကျပ်နှုန်း၊ ဝက်သား တစ်ပိဿာ (၁၄ဝဝဝ)ကျပ်စျေးနှုန်း၊ အမဲသား တစ်ပိဿာ(၁၄ဝဝဝ)ကျပ်နှုန်း ခရမ်းချဉ်သီး တစ်ပိဿာ (၁၈ဝဝ) ကျပ်၊ ခဝဲသီး တစ်ပိဿာ(၅ဝဝ)ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာ(၃ဝဝဝ)ကျပ်၊ ဗိုလ်စားပဲသီး တစ်ပိဿာ (၁၅ဝဝ)ကျပ်တို့အား ပြင်ပပေါက် စျေးများထက် အထူးသက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။