မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အောင်မြေသာစံခရိုင်စုပေါင်းရုံး ဆောက်လုပ်ခြင်း ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အောင်မြေသာစံခရိုင်စုပေါင်းရုံး ဆောက်လုပ်ခြင်း ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပခြင်း

မန္တလေး၊ ဇူလိုင် ၃၁

မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အောင်မြေသာစံခရိုင် စုပေါင်းရုံးဆောက်လုပ်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်း အတွင်းကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊သယံဇာတရေးရာဝန်ကြီးဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်၊  ခရိုင်/ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များတက်ရောက်ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူ များက ပန္နက်တင်မည့် သတ်မှတ်နေရာများ၌ အသီးသီးနေရာယူပြီး မင်္ဂလာအချိန်တွင် ပန္နက်တင်ခြင်းများ ဆောင်ရွက်၍ အမွှေးနံ့သာရည်များပက်ဖျန်းကာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

အဆိုပါ အောင်မြေသာစံခရိုင်စုပေါင်းရုံးအဆောက်အဦမှာ (၁၃၆ပေx၈၇ပေ)ရှိ သံကူ ကွန်ကရစ်(၃)ထပ်အဆောက်အဦဖြစ်ပြီး တိုင်းဒေသကြီး၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်(၁၆၅၇.၉)သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ အထူးအဖွဲ့(၆)မှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

Capture.jpg