မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်အတွင်း ပလပ်စတစ်သုံးစွဲမှုလျော့ချ​စေ​ရေး အသိပညာ​ပေးလက်ကမ်း​ကြော်ငြာများနှင့် အင်ဖတ်များ ဖြန့်​ဝေခြင်း

မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်အတွင်း ပလပ်စတစ်သုံးစွဲမှုလျော့ချ​စေ​ရေး အသိပညာ​ပေးလက်ကမ်း​ကြော်ငြာများနှင့်

အင်ဖတ်များ ဖြန့်​ဝေခြင်း

၃-၈-၂၀၂၃ ရက်နေ့

၃-၈-၂၀၂၃​ ရက်နေ့၊ ၀၉:၀၀ အချိန်တွင် မိတ္ထီလာမြို့၊​ အောင်ဆန်းရပ်ကွက်၊ မြိုသစ်​စျေးအတွင်းရှိ​ စျေးသည်များ၊ လမ်းသွားလမ်းလာပြည်သူများ၊ ခရီးသွား​မော်​တော်ယာဥ်များအား ပလပ်စတစ်သုံးစွဲမှုလျော့ချ​စေ​ရေး အသိပညာ​ပေးလက်ကမ်း​ကြော်ငြာများနှင့် အင်ဖတ်များဖြန့်​ဝေခြင်းများကို ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဌ ဦး​ဇော်​ဇော်ဦး နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ စည်ပင်အမှုဆောင်အရာရှိနှင့် စည်ပင်သာယာဝန်ထမ်းများ၊ ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မီသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ စုစု​ပေါင်းအင်အား (၆၀)ဦးခန့်ဖြင့်​ ကွင်းဆင်း​ဆောင်ရွက်ခဲ့ပါ​သည်။