ပျော်ဘွယ်မြို့နယ်အတွင်း၌ လှပ်မြေဧကများ ဖော်ထုတ်စိုက်ပျိုးနိုင်ရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်း

ပျော်ဘွယ်မြို့နယ်အတွင်း၌ လှပ်မြေဧကများ ဖော်ထုတ်စိုက်ပျိုးနိုင်ရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်း

 (၂၃-၈-၂၀၂၃)ရက်နေ့

 

          ၂ဝ၂၃ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းအချိန်၌ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ အတွင်း၌ လှပ်မြေများ ဖော်ထုတ်စိုက်ပျိုးနိုင်ရေး ပျော်ဘွယ်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ပျော်ဘွယ်မြို့နယ်ရှိ ဝက်လက်ကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ မိုးစပါး၊ နေကြာ၊ ချည်မျှင်ရှည်ဝါ၊ နှံစားပြောင်းများ ထွန်ယက်စိုက်ပျိုး ကြဲပက်နေမှု များအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ကျန်လှပ်မြေဧကများ အပြည့်အဝ ဖော်ထုတ်စိုက်ပျိုးသွားနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။