စက်မှုဝန်ကြီးဌာန
ရည်မှန်းချက်များ
ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(၁) | ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေပါ အခြေခံမူများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ |
(၂) | ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ လျင်လျင်မြန်မြန် မှန်မှန်ကန်ကန် ဆောင်ရွက်ရန်၊ |
(၃) | ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်၊ |
(၄) | ပုဂ္ဂလိက စက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ပယ်ဖျက် ခြင်းဆိုင်ရာ အချက်အလက်များ၊ မှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းရန်၊ |
(၅) | ပုဂ္ဂလိကစက်မှုလုပ်ငန်းရှင်များ၏ လျှောက်ထားနိုင်ခွင့်နှင့် ဆောင်ရွက်နိုင် ခွင့်များအား ဆောင်ရွက်ပေးရန်၊ |
(၆) | ဘွိုင်လာနှင့် လျှပ်စစ်ဘေးအန္တရာယ် ကင်းရှင်းစေရေး စစ်ဆေးဆောင်ရွက် ရန်၊၊ |
(၇) | ပုဂ္ဂလိက စက်မှုလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး စစ်ဆေးကြပ်မတ်ရန်၊ |
(၈) | နိုင်ငံတော်မှ ထုတ်ပြန်ထားသော သက်ဆိုင်ရာ တည်ဆဲဥပဒေအမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာမှု ရှိ/မရှိ ပုဂ္ဂလိကစက်မှုလုပ်ငန်းများအား စိစစ်ကြပ်မတ်ရန်။ |
လုပ်ငန်းတာဝန်များ
လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(၁) | ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေနှင့်အညီ စက်မှုလုပ်ငန်းများအား ကြီးကြပ် စစ်ဆေးပြီး ၎င်းတို့၏ လုပ်ငန်းလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုရရှိရန် အားပေးထောက်ပံ့မြှင့်တင်ခြင်း၊ |
(၂) | ဘွိုင်လာဥပဒေနှင့်အညီ ဘွိုင်လာများကို မှတ်ပုံတင်ပေးခြင်း၊ ကြီးကြပ် စစ်ဆေးခြင်း၊ |
(၃) | လျှပ်စစ်ဥပဒေနှင့်အညီ နိုင်ငံပိုင်၊ သမဝါယမပိုင်နှင့် ပုဂ္ဂလိကပိုင် ကဏ္ဍ များ၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် အသုံးပြုခြင်း လုပ်ငန်းတို့တွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးကြီးကြပ်ခြင်း၊ |
(၄) | အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း။ |
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန
အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန
အမှတ်(၂)စက်မှုသင်တန်းကျောင်း
အမှတ်(၆)စက်မှုသင်တန်းကျောင်း မြင်းခြံ