မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ချမ်းအေးသာစံမြို့နယ်အတွင်း အမှိုက်သိမ်းဆည်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် Expression of Interest (EOI )ခေါ်ယူခြင်း

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

မန္တလေးမြို့၊ မဟာအောင်မြေခရိုင် ချမ်းအေးသာစံမြို့နယ်အတွင်း အမှိုက်သိမ်းဆည်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက်

Expression of Interest (EOI )ခေါ်ယူခြင်း

၁။           မန္တလေးမြို့၊ မဟာ‌အောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်အကျယ်အဝန်း (၅.၀၄) စတုရန်းမိုင်အတွင်း အမှိုက်သိမ်းဆည်းခြင်းနှင့်ဆက်စပ်လုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ စိတ်ပါဝင်စားသော ပြည်တွင်းကုမ္ပဏီများအနေဖြင့်ဖြစ်စေ၊ ပြည်ပ လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ Consortium ဖွဲ့စည်းလျက်ဖြစ်စေ Expression of Interest (EOI) တင်ပြရန် ဖိတ်ခေါ်အပ်ပါသည်။

၂။            စိတ်ပါဝင်စားသော လုပ်ငန်းရှင်များအနေဖြင့် ရတနာပုံဘဏ်လီမီတက် ငွေစာရင်းအမှတ် (D-2 ၊ ၃-၅-၂ အထွေထွေရငွေ)သို့ စိတ်ဝင်စားကြေး ကျပ် ၁,၀၀,၀၀၀/- ပေးသွင်း၍ ၎င်းငွေသွင်းချလန် မူရင်းတင်ပြလျက် Expression of Interest (EOI) ပုံစံများနှင့်အတူ လုပ်ငန်းဆောင်ရွက်မည့် နယ်မြေ ဆိုင်ရာအချက်အလက်များအား သန့်ရှင်းရေးဌာနတွင် ထုတ်ယူနိုင်ပါသည်-

(က)Expression of Interest (EOI)        -    (၁၁.၇.၂၀၂၃)ရက်မှ (၂၄.၇.၂၀၂၃) အထိ ပုံစံထုတ်ယူနိုင်သည့်ရက်

(ခ)   Expression of Interest (EOI)       -    (၂၄.၇.၂၀၂၃)ရက်နေ့ ရုံးချိန်(၁၆:၃၀) နာရီ

        ပုံစံနောက်ဆုံးတင်ပြရမည့်ရက်              နောက်ဆုံး

(ဂ)   ဆက်သွယ်ရန်လိပ်စာ                   -    သန့်ရှင်းရေးဌာန၊ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီရုံး (၂၆ ၂၇)ကြား (၇၁ ၇၂)ကြား ၊ (၆)ထပ်ဆောင်(၃)လွှာ

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ