သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
ဖွဲ့စည်းဖြစ်ပေါ်လာပုံ
နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့်နည်းပညာကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဤကဏ္ဍဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့သည် အရေးပါသော အခြေခံအချက်များဖြစ်သဖြင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနကို ၁၉၉၆ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ အမိန့်အမှတ် (၃၆/၉၆)ဖြင့် စတင်ဖွဲ့စည်းခဲ့ ပါသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ပညာရေးဝန်ကြီးဌာနနှင့်ပေါင်းစည်းခဲ့ပြီး၊ ၂၀၂၁ ခုနှစ် ဇွန်လ (၁၇) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၁၃၈/၂၀၂၁)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
သိပ္ပံနှင့်နည်းပညာကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်သို့ ရောက်ရှိနေသော နည်းပညာတက္ကသိုလ် (၃၃)ခုနှင့် ကွန်ပျူတာတက္ကသိုလ် (၂၇)ခုတို့ကို ယခင်ကာလများနည်းတူ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၏ ကွပ်ကဲမှုဖြင့်လည်းကောင်း၊ နိုင်ငံတော်အတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် သက်မွေးသင်တန်းကျောင်း(၇)ခု၊ နည်းပညာအထက်တန်းကျောင်း (၃၅)ခု၊ အစိုးရစက်မှုလက်မှုသိပ္ပံ(၂၅)ခု၊ အစိုးရနည်းပညာကောလိပ်(၃)ခုတို့ကို နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ ကွပ်ကဲမှုဖြင့်လည်းကောင်း၊ သုတေသန ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ဖြန့်ဝေပေးနိုင်ရေး၊ ဆောင်ရွက်နိုင်ရေးတို့အတွက် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ အစီအမံများဖြင့် လည်းကောင်း၊ နိုင်ငံပိုင်စက်ရုံများနှင့် ပုဂ္ဂလိကပိုင် စက်မှုလုပ်ငန်းများအတွက် လိုအပ်သော စက်ပစ္စည်း၊ ဒီဇိုင်း၊ နည်းပညာထောက်ပံ့ပေးနိုင်ရေးအတွက် နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ဆောင်ရွက်မှုများဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျန်းမာရေးဆိုင်ရာနှင့် ဇီဝနည်းပညာဆိုင်ရာ အထောက်အပံ့များ ဆောင်ရွက်နိုင်ရေးအတွက် ဇီဝနည်းပညာသုတေသနဦးစီးဌာန၏ အစီအမံများဖြင့် လည်းကောင်း၊ စက်ရုံအလုပ်ရုံများနှင့် ကုသရေးစင်တာများတွင် ဓာတ်ရောင်ခြည် အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် အဏုမြူစွမ်းအင်ဦးစီးဌာန၏ အစီအမံများဖြင့် လည်းကောင်း၊ ဝန်ကြီးဌာနတစ်ခုလုံးအတွက် အရည်အသွေးအာမခံမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်ကာလအရ မဖြစ်မနေလိုအပ်မှုအား လေ့လာဆန်းစစ် အကဲဖြတ်ရေးဦးစီးဌာန၏ လေ့လာဆန်းစစ်မှုများဖြင့်လည်းကောင်း ဆောင်ရွက်နိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာန(၇)ခုတို့ဖြင့် စုဖွဲ့ဆောင်ရွက်လျက်ရှိပါသည်။
မျှော်မှန်းချက်
မြန်မာနိုင်ငံအနေဖြင့် လက်ရှိဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့် တိုးမြှင့်ဆောင်ရွက်၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် အဆင့်သို့ ရောက်ရှိစေရန်အတွက် သိပ္ပံနှင့်နည်းပညာ လူသားအရင်းအမြစ်များကို အစွမ်းကုန်ပြုစု ပျိုးထောင်ရေးနှင့် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရန်
ရည်မှန်းချက်
- နိုင်ငံတော်အတွင်း မြို့ပြ-ကျေးရွာ ပြည်တွင်း၊ ပြည်ပ မခွဲခြားဘဲ တစ်ပြေးညီဖြစ်ထွန်းလာစေရန်
- နိုင်ငံတကာအဆင့်မီ အရည်အချင်းပြည့်ဝသော သုတေသီများ ပေါ်ထွက်လာစေရန်
- သိပ္ပံနှင့်နည်းပညာနယ်ပယ်မှ မွေးထုတ်ပေးသည့် အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အစွမ်းကုန်ဆောင်ရွက်ရန်
(၁) | - မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် |
(၂) | - နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) |
(၃) | - နည်းပညာတက္ကသိုလ် (မိတ္ထီလာ) |
(၄) | - မြန်မာသတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ် |
(၅) | - မန္တလေးနည်းပညာတက္ကသိုလ် |
(၆) | - နည်းပညာတက္ကသိုလ် (မန္တလေး) |
(၇) | - ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ) |
(၈) | - နည်းပညာတက္ကသိုလ် (ကျောက်ဆည်) |
(၉) | - နည်းပညာတက္ကသိုလ်(ရမည်းသင်း) |
(၁၀) | - အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ) |
(၁၁) | - အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) |
(၁၂) | - အစိုးရနည်းပညာအထက်တန်းကျောင်း (မြင်းခြံ) |
(၁၃) | - အစိုးရနည်းပညာအထက်တန်းကျောင်း (ရှမ်းရွာကြီး) |
(၁၄) | - နည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း) |
(၁၅) | - အစိုးရနည်းပညာအထက်တန်းကျောင်း (မန္တလေး) |
(၁၆) | - အစိုးရနည်းပညာကောလိပ် (မြင်းခြံ) |
(၁၇) | - ဇီဝနည်းပညာသုတေသနဌာနနှင့် ဒြပ်ပစ္စည်းသိပ္ပံ သုတေသနဌာန(ကျောက်ဆည်) |
(၁၈) | - မော်တော်ယာဉ်နည်းပညာသုတေသနဌာန(ပြင်ဉီးလွင်) |
(၁၉) |
- မန္တလေးကွန်ပျူတာတက္ကသိုလ် |
(၂၀) | - ကွန်ပျူတာတက္ကသိုလ် (မန္တလေး) |
(၂၁) | - အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) |
(၂၂) | - အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး) |
(၂၃) | - အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ပန်းတောင်း) |
Website : https://www.most.edu.mm/
Address: Office(21), Ministry of Science and Technology
Email : This email address is being protected from spambots. You need JavaScript enabled to view it.
Phone : +95-67-3404521