မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များမှ အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးကျောင်းသို့ သွားရောက်ကြည့်ရှုခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များမှ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၊

အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးကျောင်းသို့ သွားရောက်ကြည့်ရှုခြင်း

(၂၃-၈-၂၀၂၃)ရက်နေ့

၂ဝ၂၃ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းအချိန်၌ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ (၃၀×၃၁)လမ်းကြား၊ (၆၄) လမ်းရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်၊ ဦးကျော်မြင့်ပါ (၈)ဦးတို့ ရောက်ရှိလာသဖြင့် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ဝင်း၊ အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးစီးအရာရှိ ဒေါ်ဖြူဖြူခိုင်နှင့် ဝန်ထမ်းများမှ ကြိုဆိုခဲ့ကြကြောင်းနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် အဖွဲ့အား ကျောင်းအုပ်ကြီး ဦးစီးအရာရှိ ဒေါ်ဖြူဖြူခိုင်မှ အမျိုသမီးဖွံဖြိုး တိုးတက်ရေးဌာနတွင် အမျိုးသမီးကျောင်းသူ(၅၁)ဦးအား ဆရာမ (၉)ဦးမှ စက်ချုပ်သင်တန်း၊ အိတ်ချုပ် လုပ်ငန်း၊ အလှပြင်သင်တန်းစသည့် သက်မွေးပညာရပ်များသင်ကြားပေးနေမှုနှင့် ကျောင်း၏ ဆောင်ရွက် ထားရှိမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး အမျိုးသမီးအိပ်ဆောင်၊ ထမင်း စားဆောင်၊ သင်တန်းဆောင်များအား လိုက်လံပြသခဲ့ရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့်အဖွဲ့မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။