ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးလုပ်ငန်းသီးနှံအခြေခံထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနား

ကျေးလက်နေမိသားစုဝင်ငွေတိုးရေစီမံကိန်း ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးလုပ်ငန်းသီးနှံအခြေခံထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနား

(၁၄-၈-၂၀၂၃)ရက်နေ့

၂၀၂၃ သြဂုတ်လ ၁၄ ရက်နေ့  နံနက်ပိုင်းအချိန်၌ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းသဲကျွန်းကျေးရွာအုပ်စု၊ သစ္စာရတနာခန်းမ၌ ကျင်းပပြုလုပ်သော သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရမည်းသင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေစီမံကိန်း ခေတ်မီစံပြကျေးရွာ ဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးလုပ်ငန်း သီးနှံအခြေခံ (ဝိုင်၊ဖျော်ရည်၊ယို၊ ဂျယ်လီအမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဒုတိယ ဗိုလ်မှူးကြီး ဇော်မျိုးထက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂ ဦးစံထွန်း၊ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒု-ရဲမှူးကြီးမင်းဟန်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဌေး၊ မြို့နယ်သမဝါယမဦးစီးမှူး ဦးထွန်းထွန်းနိုင် ပါ(၃)ဦး၊ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးအောင်၊ ရမည်းသင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်ပါ-(၅)ဦး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား/သူစုစုပေါင်း-(၁၅)ဦး၊ တက်ရောက်သူအင်အားစုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။