ဉီးစီးဌာန၊ အခွန်ဌာန
ဝန်ကြီးဌာန၊ စည်ပင်သာယာရေး၀န်ကြီးဌာန
သတင်းထုတ်ပြန်သည့် ရက်စွဲ ၊ ၂၀၁၈ ခုနှစ်၊ မတ် လ၊ ၁၄ ရက်။
ကြိုတင်အသိပေးကြေညာချက်
၁။ | မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာန၊ ရေခွန်ဌာန၏ (၁)လတစ်ကြိမ် ကာက်ခံခြင်းစနစ်ကို ၂၀၁၇ခု၊ အောက်တိုဘာလမှ ၂၀၁၈ခု၊ ဇန်နဝါရီလအထိ ကောက်ခံခဲ့ပါသည်။ ထိုသို့ ကောက်ခံရာတွင် တွေ့ကြုံခဲ့ရသည့် ဝန်ထမ်းများ၏ အခက်အခဲပြဿနာများ ဖြေလျော့နိုင်ရေး၊ ရေဖိုးရေကြွေးကျန် ဆက်လက်ကောက်ခံပေးသွင်းနိုင်ရေးအတွက် ၂၀၁၈ခု၊ (ဖေဖော်ဝါရီ၊ မတ်)လမှစ၍ (၂)လတစ်ကြိမ် ကောက်ခံခြင်းစနစ်ကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ (၁၆-၂-၂၀၁၈)ရက်နေ့တွင် ပြုလုပ်သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၆/၂၀၁၈)မှ ခွင့်ပြုထားပြီးဖြစ်ပါသည်။ |
၂။ | သို့ဖြစ်ပါ၍ (၂)လတစ်ကြိမ် ကောက်ခံခြင်းစနစ်ကို ၂၀၁၈ခု (ဖေဖော်ဝါရီ၊ မတ်)လမှစတင်၍ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၈ခု၊ မေလ(၂)ရက်နေ့တွင် မြို့နယ်အလိုက် ကောင်တာစတင်ဖွင့်လှစ်၍ ငွေလက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ |
အခွန်ဌာန၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ
အခွန်ဌာန၏ News များ
-
Wed 14 Mar 2018 12:36
ရေခွန်ဌာနမှ အသိပေးကြေညာချက်
- 4045 hit(s)
-
Thu 13 Jul 2017 11:49
-
Thu 08 Jun 2017 13:33
ပစ္စည်းခွန်စည်းကြပ်ခြင်းဆိုင်ရာ အသိပေးကြေညာချက်
- 4656 hit(s)