သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
ရည်မှန်းချက်
၁ |
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အသိအမှတ်ပြုထားသော ဘာသာ အသီးသီး၏ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရရှိရေး ကူညီဆောင်ရွက်ရန်။ |
၂ | ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အလေးထားဆောင်ရွက်ရန်။ |
၃ | ဘာသာအသီးသီး၏ နေ့ထူးနေ့မြတ်များ သတ်မှတ်ခြင်းနှင့် အခမ်းအနားများ ကျင်းပရေး ကူညီဆောင်ရွက်ရန်။ |
၄ |
နယ်စပ်တောင်တန်းဒေသနှင့် ဝေးလံခေါင်သီသော ဒေသများရှိ သာသနာပြု လုပ်ငန်းများအား ထောက်ပံ့ကူညီစောင့်ရှောက်ရန်။ |
၅ |
ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ဆုံးဖြတ်ချက်များကို ထိရောက် လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေး စီမံဆောင်ရွက်ရန်။ |
၆ |
ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွားစေရေးအတွက် ပရိယတ္တိစာမေးပွဲ များ စနစ်တကျ ကျင်းပရန်။ |
၇ |
ပရိယတ္တိစာသင်တိုက်များ/တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်ရန်။ |
၈ |
ပရိပတ္တိ သာသနာတော် ထွန်းကားပြန့်ပွားစေရေး ကမ္မဋ္ဌာန်းရိပ်သာများကို ကူညီ စောင့် ရှောက်ရန်။ |
၉ |
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများစနစ်တကျရှိစေရေး စီမံဆောင်ရွက်ရန်။ |
၁၀ |
သာသနာရေးဆိုင်ရာမှုခင်းများ လျော့နည်းကျဆင်းစေရေး စီမံဆောင်ရွက်ရန်။ |
၁၁ |
ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများကို ဒေသအသီးသီးတွင် တိုးချဲ့ဖွင့်လှစ်ရေး စီမံဆောင်ရွက်ရန်။ |
၁၂ |
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် အဆင့်မြှင့်တင်ရေးနှင့် သင်ကြားရေးစနစ် တိုးတက်ကောင်းမွန်ရေး စီစဉ်ဆောင်ရွက်ရန်။ |
၁၃ |
လုပ်ငန်းများလျင်မြန်ချောမွေ့ပြီးမြောက်စေရေးပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်။ |
၁၄ |
e-Government လုပ်ငန်းများ ၊ e-Library လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်ရန်။ |
၁၅ |
သမိုင်းဝင်ထင်ရှားသည့် သာသနိကအဆောက်အဦများ ရေရှည်တည်တံ့ ခိုင်မြဲ ရေး ထိန်းသိမ်းစောင့်ရှောက်ရန်။ |
၁၆ |
ဝန်ထမ်းများ စာရိတ္တ၊ စည်းကမ်းနှင့် အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် အခါအားလျော်စွာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရန်။ |
လုပ်ငန်းစဉ်
၁ |
နိုင်ငံတော်ကအသိအမှတ်ပြုထားသော ဘာသာ သာသနာများကိုတတ်နိုင်သမျှ ကူညီစောင့်ရှောက်ခြင်း။ |
၂ | ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့များအား တတ်နိုင်သမျှ အားပေး ကူညီ စောင့်ရှောက်ခြင်း။ |
၃ | ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းရေးနှင့်ဆွေးနွေး ပွဲ(Interfaith Dialogue)များကို အားပေးကူညီခြင်း။ |
၄ |
ဘာသာအသီးသီး၏ဘာသာရေးအသင်းအဖွဲ့များနှင့်အခါအားလျော်စွာတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခြင်း။ |
၅ |
နယ်စပ်တောင်တန်းဒေသနှင့် ဝေးလံခေါင်သီသော ဒေသများရှိ သာသနာပြု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ကူညီစောင့်ရှောက်ခြင်း။ |
၆ |
ဝိနိစ္ဆယမှုခင်းများလျော့နည်းကျဆင်းစေရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး /ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော် ဆောင် ရွက်ခြင်း။ |
၇ |
တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မာစရိယ၊ ပထမပြန်၊ နိကာယ်ငါးရပ်၊ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲများကို နှစ်စဉ်ကျင်းပဆောင်ရွက်ပေးခြင်း။ |
၈ |
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များတွင် နှစ်စဉ်ပုံမှန်သင်တန်းများ ဖွင့်လှစ်နိုင်ရေး စီမံ ဆောင်ရွက်ခြင်း။ |
၉ |
တိပိဋကဓရတိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲ၊ မဟာဘွဲ့နှင်းသဘင်၊ ပရိယတ္တိ တက္ကသိုလ်ဘွဲ့နှင်းသဘင်တို့အားဆင်ယင်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း။ |
၁၀ |
သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ နှစ်စဉ်ဆက်ကပ်နိုင်ရေး စီမံဆောင် ရွက်ခြင်း။ |
၁၁ |
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည်များ ကူညီထောက်ပံ့ပေးခြင်း။ |
၁၂ |
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ဆရာ၊ ဆရာမများ အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း။ |
၁၃ |
ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ ဒေသအသီးသီးတွင် တိုးချဲ့ဖွင့်လှစ်ရေး စီမံဆောင်ရွက်ခြင်း။ |
၁၄ |
သာသနာရေးဆိုင်ရာမှုခင်းများ လျော့နည်းကျဆင်းစေရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း။ |
၁၅ |
သာသနာရေးဆိုင်ရာမှုခင်းများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်သည့်အနေ ဖြင့် မြို့နယ်အလိုက် ဖွဲ့စည်းထားသော သာသနာတော်ထိမ်းသိမ်းစောင့်ရှောက် ရေးအဖွဲ့များအား ထောက်ပံ့ကူညီခြင်း။ |
၁၆ |
သာသနာရေးဆိုင်ရာ မှုခင်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လျင်မြန်ချောမွေ့ ပြီးမြောက်စေရေးအတွက် သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ |
၁၇ |
အုပ်ချုပ်ရေးယန္တရားများလျင်မြန်သွက်လက်စေရေး e-Government စနစ်ကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်း။ |
၁၈ |
တန်ဖိုးမဖြတ်နိုင်သည့်ဗုဒ္ဓစာပေများကို နေရာဒေသမရွေးဖတ်ရှုလေ့လာနိုင်ရန် e-Library လုပ်ငန်းများ အကောင်အထည်ဖော်ခြင်း။ |
၁၉ |
သမိုင်းဝင်ထင်ရှားသည့်သာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲ ရေး ထိန်းသိမ်းစောင့်ရှောက်ခြင်း။ |
၂၀ |
သာသနိကအဆောက်အဦများကို ထိန်းသိမ်းစောင့်ရှောက်သည့် ဂေါပကအဖွဲ့ များ စနစ်တကျရှိစေရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်း။ |
၂၁ |
ဝန်ထမ်းများ၏ စာရိတ္တ၊ စည်းကမ်းနှင့် အရည်အသွေး မြှင့်တင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ဖွင့်လှစ်သောသင်တန်းများသို့ တက်ရောက်စေခြင်း။ |
၂၂ |
ဝန်ကြီးဌာနအစီအစဉ်ဖြင့် ဖွင့်လှစ်သော မွမ်းမံသင်တန်းများသို့ ဝန်ထမ်းများ တက်ရောက်စေခြင်း။ |
၂၃ |
ဘာသာအသီးသီး၏ ဘာသာရေးဆိုင်ရာ အခမ်းအနားများသို့ သာသနာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်အားပေးခြင်း။ |
၂၄ |
အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှီးနှောဖလှယ်ပွဲများ၊ညီလာခံများသို့သာသနာ ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း။ |
မန္တလေးတိုင်းအတွင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ
၁ | |
၂ | အမျိုးသားကဇာတ်ရုံဌာနခွဲ(မန္တလေး) |
၃ | တိုင်းသာသနာရေးဦးစီးဌာန |
၄ | |
၅ |
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ) |
၆ | |
၇ |
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(တကောင်းဌာနခွဲ) |
၈ |
အနုပညာဦးစီးဌာန ထုတ်လုပ်ဌာနစု |