စဥ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်၍ ဘုံဆွမ်းလောင်းလှူခြင်း

စဥ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်၍ ဘုံဆွမ်းလောင်းလှူခြင်း

(၉-၈-၂၀၂၃) ရက်နေ့

၂ဝ၂၃ ခုနှစ် သြဂုတ်လ(၉)ရက်နေ့ နံနက်ပိုင်းအချိန်၌ သပိတ်ကျင်းခရိုင်၊ စဥ့်ကူးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အလှူရှင်များ စုစုပေါင်းအင်အား (၅၂)ဦးတက်ရောက်ခဲ့ပြီး ဘုံဆွမ်းလောင်းပွဲတွင် စဥ့်ကူးမြို့ပေါ်ရှိ ရဟန်း/ သာမဏေ(၆၈)ပါးနှင့်သီလရှင်(၁၄)ပါး၊ စုစုပေါင်း(၈၂)ပါးအား ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်ဟု သိရသည်။