သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများထံမှ သြဝါဒခံယူ၍ ဝါဆိုင်္ကန်းနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း

သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများထံမှ သြဝါဒခံယူ၍ ဝါဆိုင်္ကန်းနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း

(၂၀-၈-၂၀၂၃)ရက်နေ့

အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်ကြီးအောင်ရိပ်သာမှ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒေါနဘွားရပ်ကွက်၊ (၆၂လမ်း၊ ၁၂ x ၁၄ လမ်းကြား)ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ရှိ ဘွဲ့နှင်းသဘင်ခန်းမဆောင်သို့ ၂ဝ၂၃ ခုနှစ်၊ သြဂုတ်လ ၂ဝ ရက်နေ့ နံနက်ပိုင်းအချိန်၌ ရောက်ရှိခဲ့ပါသည်။

ဆက်လက်၍ ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများထံမှ သြဝါဒခံယူ၍ ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မဟာဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်းဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုဇယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ်မဟာနာယကချုပ် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသရာဘိဝံသပါ ပင့်သံဃာဆရာတော်ကြီး(၁၈)ပါး၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ လူမှုရေးရာ ဝန်ကြီး ဦးအောင်မင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမြင့်လွင်၊ တိုင်းဒေသကြီးသာသနာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်လှိုင်၊ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးတင်မောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် တာဝန်ရှိသူများ စုစုပေါင်း(၅၅)ဦးခန့် တက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်၍ မဟာဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်း ဆရာတော်နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသုဇယ ဆရာတော်ဘုရားကြီးထံမှ ပရိသတ်များမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်မှ သာသနာရေးဆိုင်ရာများကို ဆရာတော်ဘုရားကြီးများထံ လျှောက်ထားခဲ့ပြီး၊ ကြွရောက်တော်မူလာကြကုန်သော သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးများမှ ဩဝါဒကထာများချီးမြှင့်ခဲ့ကြောင်း၊ ၎င်းနောက် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများမှ ဆရာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

၎င်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ် မဟာနာယကချုပ် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသရာဘိဝံသ ဆရာတော်ဘုရားထံမှ အနုမောဒနာနှင့် ရေစက်ချတရားနာယူကြည်ညို၍ အခမ်းအနားကို "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ နေ့လည်ပိုင်းချိန်၌  ပြီးစီးခဲ့ပြီး သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများမှ ဆရာတော်အရှင်သူမြတ်တို့အား ကျိုက်လတ်ဓမ္မပါလာဆွမ်းစား ကျောင်းဆောင်၌ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။