ပြည်သူများအတွက် အခြေခံစားသောက် ကုန်များအား ဈေးသက်သာသောနှုန်းထားများဖြင့် ရောင်းချပေးခြင်း

ပြည်သူများအတွက် အခြေခံစားသောက် ကုန်များအား ဈေးသက်သာသောနှုန်းထားများဖြင့် ရောင်းချပေးခြင်း

(၂၂-၈-၂၀၂၃)ရက်နေ့

          ၂ဝ၂၃ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းအချိန်၌ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေ မြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ (၈၃) လမ်း၊ (၃၅x၃၆) လမ်းကြား၊ မန်းရတနာစျေးရှေ့တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စျေးနှင့်သားသတ်ဌာန၊ ဌာနမှူး ဦးသက်နိုင် ဦးစီးသည့် ဝန်ထမ်း(၅ဝ)ဦးခန့်မှ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများအတွက် အခြေခံစားသောက် ကုန်များအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးခဲ့ရာ ဆန်တစ်ပြည် (၃ဝဝဝ)ကျပ်နှုန်း၊ စားအုန်းဆီ(၁)ပိဿာ (၄၈ဝဝ)ကျပ်နှုန်း၊ ကြက်ဥ(၁)လုံး (၂၄ဝ)ကျပ်နှုန်း၊ ဘဲဥ(၁)လုံးလျင် (၂၉၀) ကျပ်နှုန်း၊ ငါးကြင်းဖြူ(မန္တလေး) (၁)ပိဿာ (၁၅ဝဝဝ)ကျပ်နှုန်း၊ ငါးမြစ်ချင်း(၁)ပိဿာ (၆၅ဝဝ)ကျပ်နှုန်း၊ ငါးတန် (၁)ပိဿာ (၄၅ဝဝ)ကျပ်နှုန်း၊ ငါးမုတ် (၁)ပိဿာ (၄၅ဝဝ)ကျပ်နှုန်း၊ စလားဗီးယား (၁)ပိဿာ (၆၅ဝဝ)ကျပ်နှုန်း၊ ဝက်သား (၁) ပိဿာ (၁၄ဝဝဝ)ကျပ်နှုန်း၊ အမဲသား(၁)ပိဿာ (၁၄ဝဝဝ)ကျပ်နှုန်း၊ ခရမ်းချဉ်သီး(၁)ပိဿာ (၂ဝဝဝ)ကျပ်နှုန်း တို့အား ပြင်ပပေါက်စျေးများထက် အထူးသက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။