မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဂိုဏ်းပေါင်းစုံမှ ဆရာတော်ကြီးများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် သွားရောက်ဖူးမြော် ပို့ဆောင်

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်းနှင့် သာသနိကအဆောက်အဦများ ရေစက်ချလှူဒါန်းခြင်း မဟာမင်္ဂလာအခမ်းအနားသို့ ကြွရောက်မည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဂိုဏ်းပေါင်းစုံမှ ဆရာတော်ကြီးများအား

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် သွားရောက်ဖူးမြော် ပို့ဆောင်

မန္တလေး၊ ဇူလိုင် ၃၁

ပြည်ထောင်စုနယ်မြေနေပြည်တော်ဒက္ခိဏသီရမြို့နယ် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သာသနိက အဆောက်အဦများရေစက်ချလှူဒါန်းခြင်းမဟာမင်္ဂလာအခမ်းအနားသို့ ပင့်ဖိတ်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်းမှ မဟာဓမ္မိကာရာမတိုက်၊ ရတနာပုံကျောင်းဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒ အမှူးပြုသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီး များအပါအဝင် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများ စုစုပေါင်း(၁၄၇)ပါးသည် ယနေ့မွန်းလွဲပိုင်း က အောင်မြေသာစံမြို့နယ် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး)မှ နေပြည်တော်သို့ မှန်လုံမော်တော်ယာဉ်များဖြင့် ထွက်ခွာသွားကြသည်။

အဆိုပါ မဟာမင်္ဂလာအခမ်းအနာသို့ ကြွရောက်မည့် မဟာဓမ္မိကာရာမတိုက်၊ ရတနာပုံကျောင်းဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော် ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရ နှင့် ဂိုဏ်းပေါင်းစုံမှ ဆရာတော်ကြီးများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးအဖွဲ့ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများက နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ဘွဲ့နှင်းသဘင်ခန်းမသို့ သွားရောက်ဖူးမြော်ကာ လိုအပ်သည်များ ဆောင်ရွက်ပေးပြီး မော်တော် ယာဉ်များအထိ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။