မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တလေး)မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တလေး)မှ

တာဝန်ရှိသူများနှင့်တွေ့ဆုံ

၁၅ - ၈- ၂ဝ၂၃ ရက်နေ့

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မန္တလေး)မှ တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်းကို ယနေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး(၂)ထပ်ဆောင် အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတွင်းရေးမှူး၊ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း(မန္တလေး)မှ ဥက္ကဌနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် မန္တလေးမြို့တွင် ကျောက်မျက်ရတနာ ရောင်းဝယ်မှုလုပ်ငန်း များစနစ်တကျဖြစ်စေရေးအတွက် လုပ်ငန်းအမျိုးအစားအလိုက် လိုင်စင်များကို သက်ဆိုင်ရာဌာနမှ ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ မန္တလေးမြို့တွင် ကျောက် မျက်ရောင်းဝယ်မှု လုပ်ငန်းဆောင်ရွက်နေကြသူ အများဆုံးဖြစ်ကြောင်း၊ ကျောက် မျက်ကို အခြေခံ၍ လုပ်ငန်းလုပ်ကိုင်နေကြသူများအတွက် စီးပွားရေးနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများ၊ လူနေမှုဘဝမြင့်မားလာအောင် အားလုံးက ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်း(မန္တလေး)မှလည်း ကျောက်မျက်ရောင်းဝယ်မှု လုပ်ငန်းများတိုးတက်အောင် ကြိုးစားဆောင်ရွက်စေချင်ပါကြောင်း၊ မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေ၊ တည်ဆဲဥပဒေ များနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ကျောက်မျက်ရောင်းဝယ်မှုလုပ်ငန်းများ တိုး တက်ရေးအတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်က မန္တလေးမြို့တွင် ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်းများနှင့် လုပ်ငန်းအမျိုးအစားအလိုက် လိုင်စင်များဆောင်ရွက်ပေးနေမှု အခြေအနေနှင့် ပတ်သက်၍ ပြောကြားပြီးနောက် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး) ဥက္ကဌ ဦးလှစိုးဦးက အသင်းမှတာဝန်ရှိသူများနှင့် တစ်ဦးချင်း မိတ်ဆက် ပေးပြီး ကျောက်မျက်ရောင်းဝယ်ရေးစခန်းတွင် ရောင်းဝယ်နေမှုနှင့် ကြုံတွေ့နေရ သည့် အခြေအနေများကိုလည်းကောင်း၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း လက်ထောက်အထွေထွေမန်နေဂျာက ကျောက်မျက်လုပ်ငန်း အမျိုး အစားအလိုက် လုပ်ငန်းလိုင်စင်များ ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်း များကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဖြည့်စွက်ဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။