မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူများအတွက် အခြေခံစားသောက်ကုန် များအား သက်သာသော ဈေးနှုန်းထားများဖြင့် ရောင်းချပေးခြင်း

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူများအတွက် အခြေခံစားသောက်ကုန် များအား သက်သာသော ဈေးနှုန်းထားများဖြင့် ရောင်းချပေးခြင်း

(၁၅-၈-၂၀၂၃)ရက်နေ့

၂၀၂၃ သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်း မဟာအောင်မြေခရိုင်၊ မဟာအောင်မြေ မြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ ၇၃ လမ်းထိပ်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စျေးနှင့်သားသတ်ဌာန၊ ဌာနမှူး ဦးသက်နိုင် ဦးစီးသည့် ဝန်ထမ်း(၅ဝ)ဦးခန့်မှ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများအတွက်အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်း ထားများဖြင့် ရောင်းချပေးခဲ့ရာ ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည် (၃၀၀၀)ကျပ်နှုန်း၊ စားအုန်းဆီ (၁)ပိဿာ (၄၈၀၀)ကျပ်နှုန်း၊ ကြက်ဥ (၁)လုံး (၂၄၀)ကျပ်နှုန်း၊ ဘဲဥ (၁)လုံး (၂၉၀)ကျပ်နှုန်း၊ ငါးကြင်းဖြူ (မန္တလေး) (၁)ပိဿာ (၁၅၀၀၀)ကျပ်နှုန်း၊ ငါးမြစ်ချင်း (၁)ပိဿာ (၆၅၀၀)ကျပ်နှုန်း၊ ငါးတန် (၁) ပိဿာ (၄၅၀၀)ကျပ်နှုန်း၊ ငါးမုတ် (၁) ပိဿာ (၄၅၀၀)ကျပ်နှုန်း၊ စလားဗီးယား (၁)ပိဿာ (၆၅၀၀) ကျပ်နူန်း၊ ဝက်သား (၁)ပိဿာ (၁၄၀၀၀)ကျပ်စျေးနှုန်း၊ အမဲသား (၁)ပိဿာ (၁၄၀၀၀)ကျပ်နှုန်း ၊ ခရမ်းချဉ်သီး (၁)ပိဿာ (၂၀၀၀)ကျပ်နှုန်းတို့အား ပြင်ပပေါက်စျေးများထက် အထူးသက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။