ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ အင်ကြင်းကန်ကျေးရွာအုပ်စုရှိ နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပပြုလုပ်ခြင်း အခမ်းအနား

ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ အင်ကြင်းကန်ကျေးရွာအုပ်စုရှိ နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပပြုလုပ်ခြင်း အခမ်းအနား

(၁၁-၈-၂၀၂၃)ရက်နေ့

၂၀၂၃ သြ ၁၁ နံနက်ပိုင်းတွင် ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် အင်ကြင်းကန်ကျေးရွာအုပ်စုရှိ တောင်သူတစ်ဦး ပိုင်ဆိုင်သည့် ကွင်းအမှတ်-၁၁၁၃ ကွင်းတွင် ရမည်းသင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးတစ်ဧကခန့်မှန်းတင်း ၁၂၀ ထွက်ရှိရေး စံပြကွက်၊ စံကွက်ရိတ်သိမ်းပွဲကျင်းပပြုလုပ်ခဲ့ရာ စံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်း၊ ခရိုင်စိုပျိုးရေးဦးစီးမှူး ဦးဝင်းညွန့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မျိုးသန့်၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးမျိုးမြင့်ဦး နှင့်အဖွဲ့တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ တောင်သူတစ်ဦး ပိုင်ဆိုင်သည့် လယ်ဧကတစ်ဧကတွင် နွေးစပါးစံကွက်ရိတ်သိမ်းခဲ့ရာ တင်း ၁၂၀ ထွက်ရှိကြောင်း သိရသည်။