စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ အခမ်းအနား

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ အခမ်းအနား

(၈-၈-၂၀၂၃) ရက်နေ့

၂ဝ၂၃ ခုနှစ် သြဂုတ်လ (၈)ရက်နေ့ အမရပူရခရိုင် တောင်သမန်ကျေးရွာအုပ်စု၊ ထန်းတော ကျေးရွာ၊ ရတနာပုံတက္ကသိုလ် လေးထပ်ဆောင်ရှိ ပြည်ထောင်စုခန်းမတွင် စားသုံးသူရေးရာဦးစီး ဌာနမှ ဦးစီးကျင်းပသည့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူသဲနွယ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာပိုင်သူကိုကိုနှင့် ဝန်ထမ်းများ၊ အမရပူရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတေဇာအောင်၊ ရတနာပုံတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်ကြားစီမံမှဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်း (၇ဝဝ)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဦးမှ ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူသဲနွယ်မှ “စားသုံးသူကာကွယ်ရေးဥပဒေ”အား ရှင်းလင်းပြောကြားခြင်း၊ အစားအသောက်နှင့် ဆေးဝါကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာပိုင်သူကိုကိုမှ အစားအသောက်တွင် တွေ့ရှိရ တက်သည့် ဆိုးဆေးအန္တရာယ်များအကြောင်းအား ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/သူများ၏ သိရှိလိုသည့် မေးမြန်းချက်များအား ပြန်လည်ဆွေးနွေးကာ ရတနာပုံ တက္ကသိုလ်မော်ကွန်းထိန်း ဒေါ်သီတာအောင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို နေ့လည်ပိုင်း၌ အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း၊ ရတနာပုံတက္ကသိုလ်ကျောင်းဝန်း အတွင်းမှ စားသောက်ဆိုင်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရှိရပါသည်။