eMandalay သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အစိုးရ ရုံးဌာနများအားလုံးနှင့် ပတ်သက်သော အဓိက အချက်များ၊ ပြည်သူကို ပေးနေသော ဝန်ဆောင်မှုများတွင် လိုအပ်သော အချက်များ၊ ခေါ်ယူနေသော တင်ဒါများ၊ ဌာနများမှ ဝန်ထမ်းခေါ်ယူမှုများ စသည်တို့ကို တစ်စုတစ်စည်းထဲ ဖြစ်အောင် စုစည်းဖော်ဆောင်ထားသည်။ မန္တလေးတိုင်းဒေသကြီးမှ ပြည်သူများအနေဖြင့် emandalay မှတဆင့် အစိုးရရုံး ဌာနဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာစွာ သိနိုင်ခြင်း၊ Eservices မှတဆင့် သက်ဆိုင်ရာဌာန website များသို့ အလွယ်တကူ သွားရောက်ကာ လုပ်ဆောင်နိုင်ခြင်း၊ အစိုးရဌာန website များ တိုးပွါးလာစေခြင်းဖြင့် E-Mandalay Web Portal သည် e-Government စနစ် ဖော်ဆောင်ရာတွင် ပထမဆုံး ခြေလှမ်းအဖြစ်ဖြင့် သက်ဝင် လှုပ်ရှားလာမည် ဖြစ်ပါသည်။