Agencies

Agencies ဆိုသည်မှာ ပြည်သူလူထုအား အစိုးရရုံးလုပ်ငန်းများကို တိုက်ရိုက် ဝန်ဆောင်မှုပေးနေသော ဝန်ကြီးဌာနများ လက်အောက်ရှိ ဦးစီးဌာနများကို ရည်ညွှန်းထား ဦးစီးဌာနများအကြောင်းကို အချက်အလက်များဖြင့် တင်ပြထားခြင်း ဖြစ်ပါသည်၊၊

See More>>

eServices

eServices ဆိုသည်မှာ အစိုးရ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  လွယ်ကူ မြန်ဆန်စေရန်အတွက် သက်ဆိုင်ရာ ဦးစီးဌာနများမှ ပြည်သူသို့ အွန်လိုင်းမှ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ပြုလုပ်ပေးထားသော ဝန်ဆောင်မှုများ ဖြစ်သည်။

See More >>

Topics

Topics  ဆိုသည်မှာ ပြည်သူများမှ အစိုရရုံးဌာနများတွင် ရယူနိုင်သော ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော အချက်အလက်များကို သိရှိစေရန်နှင့် လျှောက်လွှာ ဖောင်များ ရယူနိုင်ရန်အတွက် ဖြစ်သည်။

See More >>

Categories

Categories ဆိုသည်မှာ "ဝန်ကြီးဌာနများ" ကို ရည်ညွှန်းထားခြင်း ဖြစ်၍ ဝန်ကြီးဌာနများ၏ အဓိကလုပ်ငန်း တာဝန်များနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပါဝင် ဖွဲ့စည်းထားသော ဦးစီးဌာနများကို ဖော်ပြထားပါသည်။

See More>>

 

 

  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့

စဉ် အမည် နှင့် ရာထူး ဆက်စပ်ဝန်ကြီးဌာနများ (ပြည်ထောင်စု)
၁။ ဝဏ္ဏကျော်ထင်ဦးမောင်ကို 
ဝန်ကြီးချုပ် 

- ပြည်ထောင်စု တရားလွှတ်တော်ချုပ်
- ပြည်ထောင်စု ဥပဒေချုပ်ရုံး
- ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး
- ပြည်ထောင်စု ရာထူးဝန်အဖွဲ့
- ပြည်ထောင်စု လွှတ်တော်ရုံး
- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး

၂။ ဗိုလ်မှူးကြီးကျော်ကျော်မင်း
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
- ကာကွယ်ရေးဝန်ကြီးဌာန 
- ပြည်ထဲရေးဝန်ကြီးဌာန 
နိုင်ငံခြားရေးဝန်ကြီးဌာန
- ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန(၁)၊ (၂)
- နယ်စပ်ရေးရာဝန်ကြီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၃။ ဦးကျော်ဆန်း
စည်ပင်သာယာရေးဝန်ကြီး
- တိုင်းဒေသကြီး စည်ပင်သာယာရေး
၄။ ဦးသိန်းဌေး
စီးပွားရေးရာဝန်ကြီး
- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
- ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
- စက်မှုဝန်ကြီးဌာန
- စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
- ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာန
- ပညာရေးဝန်ကြီးဌာန
- ကျန်းမာရေးဝန်ကြီးဌာန
၅။ ဦးမျိုးအောင်
သယံဇာတရေးရာဝန်ကြီး
- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
- လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန

၆။ ဦးယဉ်ထွေး
လူမှုရေးရာဝန်ကြီး
ပြန်ကြားရေး၀န်ကြီးဌာန
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
အလုပ်သမားဝန်ကြီးဌာန
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
တိုင်းဒေသကြီး အစိုးရအဖွဲ့
၇။ ရဲမှူးချုပ်စိန်လွင်
လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၈။ ဦးစိုင်းနွမ်
တိုင်းရင်းသားရေးရာဝန်ကြီး

တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၉။ ဦးမြင့်အောင်
ဥပဒေချုပ်
ပြည်ထောင်စုဥပဒေချုပ်ရုံး

၁၀။ ဦးမြင့်လွင်
အတွင်းရေးမှူး
- တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အား တာဝန်ခံ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရုံးလုပ်ငန်းများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ဆက်သွယ်ဆောင်ရွက်သည့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာများ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးလုပ်ငန်းဆိုင်ရာများ

 

Announcements & News

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အများပြည်သူသို့ သိစေလိုသော အသိပေးချက်များနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနများ၏ တင်ဒါခေါ်ယူချက်များ၊ အသိပေးချက်များအစရှိသည့် သတင်းများကို ကြည့်ရှုနိုင်ပါသည်။

 

ဉီးစီးဌာန၊  ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန

ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်သည့် ရက်စွဲ ၊  

 

 

မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍ မောင်းနှင်မှုမရှိစေရေး

 

၁။မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့်အမြန်နှုန်းထက်ပို၍ မောင်းနှင်မှုမရှိစေရေးအား တည်ဆဲမော်တော်ယာဉ်ဥပဒေ၊ မော်တော်ယာဉ်နည်းဥပဒေများအရ အောက်ပါအတိုင်း သတ်မှတ်ထားပါသည် - 

(က) တည်ဆဲမော်တော်ယာဉ်ဥပဒေပုဒ်မ ၄၉၊ ပုဒ်မခွဲ (က) တွင် "မော်တော်ယာဉ်ကို သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍ မောင်းနှင်ခြင်း(သို့) သတ်မှတ်ထားသည့် အမြန်နှုန်းအောက် လျော့၍ မောင်းနှင်ခြင်းမပြုလုပ်ရ" ဟူ၍ ပြဌာန်းထားပါသည်။
(ခ)
တည်ဆဲ ၁၉၈၉ ခုနှစ်၊ မော်တော်ယာဉ်နည်းဥပဒေများ၏ နည်းဥပဒေ ၁၄၃ တွင် အမြန်နှုန်း သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း သတ်မှတ်ပြဌာန်ထားပါသည် -
နည်းဥပဒေ ၁၄၃။ (က) လမ်းအခြေအနေကောင်းလျှင် သာမန်အားဖြင့် မြို့၏ နယ်နိမိတ်အတွင်း၌ မော်တော်ယာဉ်မောင်းနှင်မှု အမြန်နှုန်းကို တစ်နာရီလျှင် ၄၈ ကီလိုမီတာ (၃၀ မိုင်) ထက် ပို၍လည်းကောင်း၊ မြို့၏နယ်နိမိတ်ပြင်ပ၌ မြို့နယ်တစ်ခုနှင့်တစ်ခုကို ဆက်သွယ်ထားသည့်လမ်းမကြီးပေါ်တွင် တစ်နာရီလျှင် ၈၀ ကီလိုမီတာ (၅၀) မိုင်နှုန်းထက်ပို၍လည်းကောင်း မမောင်းရ။
နည်းဥပဒေ ၁၄၃။ (ခ)  နောက်တွဲပါသောယာဉ် (သို့မဟုတ်) မီးလောင်ပေါက်ကွဲတတ်သော ပစ္စည်းများ တင်ဆောင်သောယာဉ်အတွက် အမြန်နှုန်းကို မြို့၏နယ်နိမိတ်အတွင်း၌ တစ်နာရီလျှင် ၃၂ ကီလိုမီတာ (၂၀)မိုင်ထက်ပို၍လည်းကောင်း၊ မြို့၏နယ်နမိတ်ပြင်ပ၌ မြို့နယ်တစ်ခုနှင့်တစ်ခုကို ဆက်သွယ်ထားသည့် လမ်းမကြီးပေါ်တွင် တစ်နာရီလျှင် ၅၆ ကီလိုမီတာ (၃၅ မိုင်)ထက် ပို၍လည်းကောင်း မမောင်းရ။
နည်းဥပဒေ ၁၄၃။ (ဂ) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းထားသော တိုင်းဒေသကြီး/ပြည်နယ်အဆင့်ရှိ အဖွဲ့သည် လမ်းအခြေအနေအရ အမြန်နှုန်းများကို နည်းဥပဒေခွဲ(က)နှင့် (ခ)ပါ ပြဌာန်းချက်များအတွင်း လိုအပ်သလို သတ်မှတ်နိုင်သည်။
နည်းဥပဒေ ၁၄၃။ (ဃ) မြို့၏နယ်နိမိတ်အတွင်း၌ နှစ်လမ်းမောင်းလမ်း၏ တစ်ဖက်တစ်ချက်တွင် ယာဉ်ကြော (၃)ခုစီရှိပါက လက်ဝဲစွန်းယာဉ်ကြောတွင် တစ်နာရီလျှင် ၆၄ ကီလိုမီတာ(၄၀)မိုင်အထိ မောင်းနှင်ခွင့်ပြုသည်။
နည်းဥပဒေ ၁၄၃။ (င) ယာဉ်မောင်းသူသည် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍ မိမိယာဉ်ကို မမောင်းနှင်ရ။

၂။ မော်တော်ယာဉ်များ သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍ မောင်းနှင်မှုမရှိရေး စီမံချက်အား မန္တလေးတိုင်း ဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် (၉.၆.၂၀၁၇)ရက်နေ့မှ (၃၁.၇.၂၀၁၇)ရက်နေ့အထိ ပညာပေးကာလအဖြစ် သတ်မှတ်၍ အသိပညာပေးခြင်း၊ စစ်ဆေးကြပ်မတ်ခြင်းများ တိုးမြှင့်ဆောင်ရွက်ပြီး (၁.၈.၂၀၁၇)ရက်နေ့မှ စတင်၍ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်များအား တည်ဆဲမော်တော်ယာဉ်ဥပဒေပြဌာန်းချက်များနှင့်အညီ စစ်ဆေးအရေးယူ ဆောင်ရွက်ရန် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ ညွှန်ကြားထားပါသည်။