acover

သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန

ရည်ရွယ်ချက်

(၁) ရေ၊ မြေ၊ တောရိုင်းတိရစ္ဆာန်၊ ဇီဝမျိုးစုံနှင့် သဘာဝဝန်းကျင်ကို ကာကွယ်ရမည်။
(၂) သစ်တောများမှ ရရှိနိုင်သည့် တိုက်ရိုက်နှင့် သွယ်ဝိုက်သောအကျိုးများကို စဉ်ဆက် မပြတ်ခံစားနိုင်ကြစေရန်၊ သစ်တောသယံဇာတအရင်းအမြစ်များကို ထာဝစဉ်တည်တံ့ နေစေရေးအတွက် ထိန်းသိမ်းရမည်။
(၃) ပြည်သူလူထုအတွက် လောင်စာ၊ နေအိမ်အဆောက်အအုံ၊ အစားအစာနှင့် အပန်းဖြေ နားနေမှုအစရှိသည့် အခြေခံစားဝတ်နေရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးရမည်။
(၄) သစ်တောသယံဇာတများ ရရှိနိုင်သည့် စီးပွားရေးအကျိုးအမြတ်တို့အား လူမှုရေးနှင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာတို့ကို မထိခိုက်စေဘဲ အပြည့်အဝအသုံးချ ရန် စီမံရမည်။
(၅) သစ်တောများပြုစုထိန်းသိမ်းရေးနှင့် သစ်တောသယံဇာတများ အသုံးချရေးလုပ်ငန်း တို့တွင် ပြည်သူတို့က ပူးပေါင်းပါဝင်လာကြစေရန် ဆောင်ရွက်သွားရမည့် ထိန်းသိမ်း ရေးဆိုင်ရာတို့ကို မထိခိုက်စေဘဲ အပြည့်အဝအသုံးချရန် စီမံရမည်။
(၆) နိုင်ငံတော်၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရာတွင် သစ်တောများ သည် အဓိကအခန်းမှ ပါဝင်နေကြောင်းကို ပြည်သူတို့အတွင်း အသိရှင်သန်စေရန် လှုံ့ဆော်သွားရမည်။

 

ဆောင်ပုဒ်

(၁) သစ်တောကြွယ်ဝ ၊ လှပချမ်းသာ ၊ အနာဂတ်ကမ္ဘာ။
(၂) အပူပိုင်းဒေသစိမ်းလန်းဖို့ ၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့။
(၃) နိုင်ငံသာယာဝပြောဖို့ ၊ သဘာဝတောတွေထိန်းသိမ်းစို့။
(၄) သက်ရှိလောကတည်မြဲဖို့ ၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့။
(၅) ပူနွေးကမ္ဘာတားဆီးရာ ၊ ဖြေရှာတစ်ခု တောပြုစု။

 

လုပ်ငန်းတာဝန်များ

(၁) သစ်တောပြုန်းတီးမှု၊ သစ်တောအတန်းအစားကျဆင်းမှုကို တားဆီးနိုင်ရန်နှင့် သဘာဝတောများကို ကူညီအားဖြည့်ရန်တောနိမ့်၊ တောပျက်များအား ပြန်လည်ပြုစုပျိုးထောင်ခြင်းနှင့် ပျက်စီးပြုန်းတီးလျက်ရှိသော သစ်တောနယ်မြေများတွင် သစ်တောစိုက်ခင်းအသစ်များ တည်ထောင်ခြင်း။
(၂) မြန်မာ့သစ်လုပ်ငန်းအနေဖြင့် သစ်ထုတ်လုပ်ခြင်း၊ အချောထည်ထုတ်လုပ်ခြင်း၊ သစ်နှင့် သစ်တောထွက်ကုနပစ္စည်းများ ရောင်းချခြင်းများ ဆောင်ရွက်ပါသည်။ မြန်မာ့သစ်လုပ်ငန်းသည် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်် စက်ရုံအားလုံးအတွက် ကုန်ကြမ်းဖြည့်ဆည်းပေးနိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်၍ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ထုံးလုပ်နည်းများ ချမှတ်အကောင်အအထည်ဖေဖာ် ​ေဆောင်ရွက်ခြင်း။၊

 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ

စဉ် ၀န်ကြီးဌာန ဦးစီးဌာန
(၁) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာန - သစ်တောဦးစီးဌာန
- အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန
- ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
- သတ္တုတွင်းဦးစီးဌာန
- တိုင်းဒေသကြီးမြန်မာ့သစ်လုပ်ငန်း
- မြန်မာ့သစ်လုပ်ငန်း ရောင်း/စက် ဌာနမှူးရုံး
- အမှတ်(၂)သတ္ထုတွင်းလုပ်ငန်း၊ တိုင်းအထွေထွေမန်နေဂျာရုံး (မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်)၊ မန္တလေးမြို့
- အမှတ်(၁)သတ္ထုတွင်းလုပ်ငန်း၊ မန္တလေးရုံးခွဲ
- ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္ထုရှာဖွေရေးဦးစီးဌာန၊ ကွင်းဆင်းအခြေစိုက်စခန်း၊ မန္တလေးမြို့
- ကျောက်မျက်တူးဖော်ရေးဌာန၊ မိုးကုတ်မြို့
ကျောက်မျက်တူးဖော်ရေးဌာန၊ မန္တလေးမြို့
     
(၂) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန

- တိုင်းဒေသကြီး (အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)

- တိုင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာန
- တိုင်းအလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန
- တိုင်းအလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန
- တိုင်းလူမှုဖူလုံရေးရုံး
- တိုင်းဒေသကြီး ကုန်တင်/ချ ကော်မတီရုံး
- မန္တလေးအလုပ်သမားဆေးရုံကြီး
     
(၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေးဝန်ကြီးဌာန

- တိုင်းလူမှုဝန်ထမ်းဦးစီးဌာန

    - တိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန