j 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ

 

 (၁)     တိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

 

၁။ မြို့နယ်၊ ခရိုင်နှင့်တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့့် ပုဂ္ဂလိက အသင်းအဖွဲ့ လုပ်ငန်းများ၏ စာရင်းအင်း အချက်အလက်များ ပေါင်းစပ်ညှိနှိုင်း၍ ဒေသန္တရဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲခြင်း၊
၂။ နှစ်စဉ်ဒေသန္တရစီမံကိန်းများ၊ကာလတို(၅)နှစ် ဒေသန္တရစီမံကိန်းတို့ကို ပြည်သူဗဟိုပြုဖွံ့ဖြိုးမှုအတွက်ဖြစ်စေရန် ဒေသ၏လိုအပ်ချက်များ၊ ပြည်သူများ၏ လိုအပ်ချက်များ၊ ဒေသအလိုက် အနာဂတ်မျှော်မှန်းချက်များ ပါဝင်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ရေးဆွဲခြင်း ၊
၃။ တိုင်းဒေသကြီး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ခရိုင်/မြို့နယ်များ အလိုက် လိုအပ်သည့် ဦးစားပေးကဏ္ဍများ၊ ဦးစားပေးအစီအစဉ်များရွေးချယ် ပြီး ရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်းများရေးဆွဲခြင်း၊
၄။ တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေရေးဆွဲ၍ တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြ အတည်ပြုချက်ရယူခြင်း၊
၅။ လက်ရှိအသုံးပြုနေသော ၁၉၆၈ ခုနှစ်၊ အမျိုးသားစာရင်းအင်းစနစ်မှ ၂၀၀၈ ခုနှစ်၊ အမျိုးသားစာရင်းအင်းစနစ်သို့ ပြောင်းလဲရေးအတွက် သင်တန်းများ တက်ရောက်စေခြင်း၊ စမ်းသပ်စာရင်းရေးသွင်းခြင်းနှင့် လိုအပ်သည့်စစ်တမ်း များကောက်ယူခြင်း၊
၆။ ဒေသန္တရစီမံကိန်း အကောင်အထည်ဖော်နိုင်မှုအခြေအနေကို လစဉ်၊(၃)လပတ် (၆)လပတ်၊ နှစ်ချုပ်အစီရင်ခံစာ ပြုစုခြင်း၊ စုစည်းသုံးသပ်ဆောင်ရွက်ခြင်း၊
၇။ တိုင်းဒေသကြီးနှင့်ခရိုင်/မြို့နယ်အလိုက် သက်ဆိုင်သည့်စာရင်းအင်းများကို စုစည်းသုံးသပ်တင်ပြခြင်း ၊
၈။ တိုင်းဒေသကြီး၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေး၊ အခြေအနေကို ပြုစုတင်ပြခြင်း၊
၉။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဉ်(၈)ရပ်ဆောင် ရွက်မှုအခြေအနေစာရင်း ပြုစုခြင်း၊
၁၀။ တိုးချဲ့ဖွဲ့စည်းထားသော ဖွဲ့စည်းပုံနှင့်အညီ လိုအပ်သည့် ဝန်ထမ်းအင်အား၊ အိမ်ယာ၊ ရုံးခန်းများ၊ရုံးအသုံးအဆောင်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖြည့်ဆည်းနိုင်ရေး တင်ပြဆောင်ရွက်ခြင်း၊
၁၁။ ဝန်ထမ်းအရည်အသွေး မြင့်မားစေရေးအတွက် သင်တန်းများပေးခြင်း၊ ဆွေးနွေးပွဲများ တက်ရောက်စေခြင်းများ ဆောင်ရွက်ခြင်း ၊
၁၂။ နိုင်ငံတော်နှင့် အထက်အဖွဲ့အစည်းအဆင့်ဆင့်မှ အခါအားလျော်စွာ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်း၊

  

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာနသည် အောက်ဖော်ပြ ပါဌာနများ၏ လုပ်ငန်းတာဝန်များကို ကြီးကြပ်ကွပ်ကဲ စီမံဆောင်ရွက်ရပါသည်-

 

စဉ် ၀န်ကြီးဌာန ဦးစီးဌာန
(၁) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန - မြန်မာနိုင်ငံတော် ဗဟိုဘဏ်
- စီမံကိန်းရေးဆွဲရေး ဦးစီးဌာန
- ရသုံးမှန်းခြေ ငွေစာရင်းရေးဆွဲရေးဦးစီးဌာန
- ပြည်တွင်းအခွန်များ ဦးစီးဌာန
- အကောက်ခွန်ဦးစီးဌာန
- မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
- မြန်မာ့အာမခံလုပ်ငန်း
- မြန်မာ့စီးပွားရေးဘဏ် (တိုင်းဒေသကြီးရုံး)
- ပင်စင်ဦးစီးဌာန
- ဗဟိုစာရင်းအင်းအဖွဲ့ရုံး
- မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်၊မန္တလေးမြို့။
     
(၂) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်

- စားသုံးသူရေးရာဦးစီးဌာန
- ကုန်သွယ်ရေးဦးစီးဌာန
     
(၃)  ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန

- ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန

     
(၄) ပြန်ကြားရေးဝန်ကြီးဌာန - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
- အထက်မြန်မာပြည် အစိုးရ ပုံနှိပ်စက်ရုံ
    - ကိုယ်ပွားသတင်းစာတိုက် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
    - ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန
   
(၅) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန - ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
   
     
  website လိပ်စာ www.mopf.gov.mm