Agencies

Agencies ဆိုသည်မှာ ပြည်သူလူထုအား အစိုးရရုံးလုပ်ငန်းများကို တိုက်ရိုက် ဝန်ဆောင်မှုပေးနေသော ဝန်ကြီးဌာနများ လက်အောက်ရှိ ဦးစီးဌာနများကို ရည်ညွှန်းထား ဦးစီးဌာနများအကြောင်းကို အချက်အလက်များဖြင့် တင်ပြထားခြင်း ဖြစ်ပါသည်၊၊

See More>>

eServices

eServices ဆိုသည်မှာ အစိုးရ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  လွယ်ကူ မြန်ဆန်စေရန်အတွက် သက်ဆိုင်ရာ ဦးစီးဌာနများမှ ပြည်သူသို့ အွန်လိုင်းမှ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ပြုလုပ်ပေးထားသော ဝန်ဆောင်မှုများ ဖြစ်သည်။

See More >>

Topics

Topics  ဆိုသည်မှာ ပြည်သူများမှ အစိုရရုံးဌာနများတွင် ရယူနိုင်သော ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော အချက်အလက်များကို သိရှိစေရန်နှင့် လျှောက်လွှာ ဖောင်များ ရယူနိုင်ရန်အတွက် ဖြစ်သည်။

See More >>

Categories

Categories ဆိုသည်မှာ "ဝန်ကြီးဌာနများ" ကို ရည်ညွှန်းထားခြင်း ဖြစ်၍ ဝန်ကြီးဌာနများ၏ အဓိကလုပ်ငန်း တာဝန်များနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပါဝင် ဖွဲ့စည်းထားသော ဦးစီးဌာနများကို ဖော်ပြထားပါသည်။

See More>>

 

 

  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့

စဉ် အမည် နှင့် ရာထူး ဆက်စပ်ဝန်ကြီးဌာနများ (ပြည်ထောင်စု)
၁။ ဝဏ္ဏကျော်ထင်ဦးမောင်ကို 
ဝန်ကြီးချုပ် 

- ပြည်ထောင်စု တရားလွှတ်တော်ချုပ်
- ပြည်ထောင်စု ဥပဒေချုပ်ရုံး
- ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး
- ပြည်ထောင်စု ရာထူးဝန်အဖွဲ့
- ပြည်ထောင်စု လွှတ်တော်ရုံး
- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး

၂။ ဗိုလ်မှူးကြီးကျော်ကျော်မင်း
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
- ကာကွယ်ရေးဝန်ကြီးဌာန 
- ပြည်ထဲရေးဝန်ကြီးဌာန 
နိုင်ငံခြားရေးဝန်ကြီးဌာန
- ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန(၁)၊ (၂)
- နယ်စပ်ရေးရာဝန်ကြီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၃။ ဦးကျော်ဆန်း
စည်ပင်သာယာရေးဝန်ကြီး
- တိုင်းဒေသကြီး စည်ပင်သာယာရေး
၄။ ဦးသိန်းဌေး
စီးပွားရေးရာဝန်ကြီး
- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
- ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
- စက်မှုဝန်ကြီးဌာန
- စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
- ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာန
- ပညာရေးဝန်ကြီးဌာန
- ကျန်းမာရေးဝန်ကြီးဌာန
၅။ ဦးမျိုးအောင်
သယံဇာတရေးရာဝန်ကြီး
- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
- လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန

၆။ ဦးယဉ်ထွေး
လူမှုရေးရာဝန်ကြီး
ပြန်ကြားရေး၀န်ကြီးဌာန
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
အလုပ်သမားဝန်ကြီးဌာန
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
တိုင်းဒေသကြီး အစိုးရအဖွဲ့
၇။ ရဲမှူးချုပ်စိန်လွင်
လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၈။ ဦးစိုင်းနွမ်
တိုင်းရင်းသားရေးရာဝန်ကြီး

တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၉။ ဦးမြင့်အောင်
ဥပဒေချုပ်
ပြည်ထောင်စုဥပဒေချုပ်ရုံး

၁၀။ ဦးမြင့်လွင်
အတွင်းရေးမှူး
- တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အား တာဝန်ခံ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရုံးလုပ်ငန်းများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ဆက်သွယ်ဆောင်ရွက်သည့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာများ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးလုပ်ငန်းဆိုင်ရာများ

 

Announcements & News

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အများပြည်သူသို့ သိစေလိုသော အသိပေးချက်များနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနများ၏ တင်ဒါခေါ်ယူချက်များ၊ အသိပေးချက်များအစရှိသည့် သတင်းများကို ကြည့်ရှုနိုင်ပါသည်။

 

ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်

ရက်စွဲ ၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၇ ရက်

၁။         ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ Coronavirus Disease 2019 (COVID-19) အား ကမ္ဘာ့ ကပ်ရောဂါတစ်ခုအဖြစ် သတ်မှတ်ကြေညာခဲ့ပြီးနောက် COVID-19 ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးတို့အတွက် မန္တလေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါသည်။

၂။         COVID - 19 ရောဂါနှင့်ပတ်သက်၍ WHO ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်များအရ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သဖြင့် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းမှာ မိမိအိမ်တွင် နေထိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုမရှိခြင်းတို့ ဖြစ်ပါသည်။ မဖြစ်မနေ အပြင်သို့ သွားရောက်သည့်အခါတိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်၍ သွားရောက်ရန် လိုအပ်ပါသည်။

၃။         မန္တလေးတိုင်းဒေသကြီးအတွင်း လူစုလူဝေးဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေနေရာများ၊ နိုက်ကလပ်၊ ကာရာအိုကေ/ စင်တင်တေးဂီတ၊ စတိတ်ရှိုးပွဲများ၊ ဗွီဒီယိုရုံများ၊ ရုပ်ရှင်ရုံများ၊ တရားပွဲ/ စခန်းများ၊ ဘုရားပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ ရဟန်းခံ ရှင်ပြုပွဲများ၊ အခြားပွဲလမ်းသဘင်များ၊ လူမှုရေး လုပ်ငန်းများ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးပွဲများ ခေတ္တယာယီပိတ်သိမ်းထားရန်နှင့် ပိတ်သိမ်းခြင်း မပြုပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။

၄။         မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်/မြို့/ရပ်ကွက်နှင့်ကျေးရွာများသို့ ပြည်ပနိုင်ငံ များမှ ပြန်လည်ရောက်ရှိသူများအားလုံး Community Based Facility Quarantine (၂၁)ရက်နှင့် Home Quarantine(၇)ရက် ထားရှိဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲ ဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။

၅။         မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် Coronavirus Disease 2019(COVID-19) ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူ ဖြစ်စေရန်အတွက် နေ့စဉ် ည(၁၂)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရ Curfew အမိန့်များကိုဆက်လက်ထားရှိဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူ ခြင်းခံရမည် ဖြစ်ပါသည်။

၆။         Coronavirus Disease 2019(COVID-19) ရောဂါဖြစ်ပွားမှု ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုအရ (၁၆-၈-၂၀၂၀)ရက်မှ စတင်၍ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလ ဆောက်တည်ခြင်းကို လဆန်း၊ လဆုတ် (၈)ရက်နေ့များနှင့် လပြည့်၊ လကွယ်ဥပုဒ်နေ့များတွင် တစ်လလျှင် (၄)ရက်၊ အခြားဘာသာဝင်များ အနေဖြင့် သက်ဆိုင်ရာ Church ၊ ဗလီနှင့် ဟိန္ဒူကျောင်းများတွင် ဝတ်ပြုဆုတောင်းခြင်းများကို ရက်သတ္တ(၁)ပတ်လျှင်(၁)ရက်ဖြင့် တစ်လလျှင်(၄)ရက် ပြုလုပ်ခွင့်အား တစ်ကြိမ်လျှင်လူ(၃ဝ)ဦး ထက်မပိုဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ သတိပေးချက်၊ စည်းကမ်းချက်များနှင့်အညီ စနစ်တကျဆောင်ရွက်စေပြီး ပြန်လည်ခွင့်ပြုသွားမည်ဖြစ်ပါသည်။

၇။         မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်/မြို့/ရပ်ကွက်နှင့်ကျေးရွာများရှိ တန်ခိုးကြီး ဘုရားများ၊ စေတီပုထိုးများ ဖူးမြော်ခြင်းအား ခွင့်မပြုသေးပါကြောင်းနှင့် ဖူးမြော်ဝတ်ပြုခွင့် တောင်းခံလာပါက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီထံ တင်ပြခွင့်ပြုချက်ရယူပြီး ခွင့်ပြုချက်ရရှိမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ပါသည်။

၈။         သို့ဖြစ်ပါ၍ အများပြည်သူအနေဖြင့် COVID-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်ခြင်းလုပ်ငန်း များကို အမျိုးသားရေးအသွင်အဖြစ်မှတ်ယူပြီး လမ်းညွှန်ချက်များ၊ တားမြစ်ကန့်သတ်ချက်များကို (၁၈-၈-၂၀၂၀)ရက်မှစတင်၍ (၃၁-၈-၂၀၂၀)ရက်အထိ လိုက်နာဆောင်ရွက်ပေးပါရန်နှင့်ယခင်ရက်တွင်ထုတ်ပြန်ခဲ့သည့် ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်အား ဤသတိပေးကြေညာချက်ဖြင့် လွှမ်းမိုးပယ်ဖျက်ပါကြောင်း ပြည်သူများသိရှိစေရန် အသိပေးကြေညာချက် ထုတ်ပြန်အပ်ပါသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရ