categorycover

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

 မူဝါဒများ

(၁) ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်။
(၂) e-Government လုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရန်။
(၃) စာပို့တိုက်၀န်ဆောင်မှုလုပ်ငန်းကို ခေတ်မီစက်ကိရိယာများတပ်ဆင်၍ အရည်အသွေးတိုးတက်စေရန် နှင့် ပြည်သူလူထု၏ ယုံကြည်မှု အပြည့်အ၀ ရရှိစေရန်။
(၄) လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာရန်နှင့် နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ လာစေရန်။

 ရည်မှန်းချက်များ

(၁) ဆက်သွယ်ရေးဥပဒေအရဆက်သွယ်ရေး၀န်ဆောင်မှုလုပ်ငန်းစဉ်များ ပါ၀င်ယှဉ်ပြိုင်ဆောင်ရွက်ခွင့် ရရှိ သည့် ပြည်တွင်း/ပြည်ပကုမ္ပဏီများအား လိုင်စင်အခွန်အခနှင့်လှိုင်းနှုန်းသုံးစွဲခများ ကောက်ခံ ဆောင်ရွက်သွားရန်။
(၂) စာပို့တိုက်ဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲသွားရန်။
(၃) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရေး ကော်ပိုရေးရှင်း အသွင် ပြောင်းလဲ နိုင်ရေး ဆောင်ရွက်သွားရန်။
(၄) မြန်မာ့စာတိုက်လုပ်ငန်းအား နိုင်ငံတော်ဘတ်ဂျက်ကို ရယူသုံးစွဲပြီး၊ ခေတ်မီသည့် ၀န်ဆောင်မှု လုပ်ငန်း များ အဖြစ် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်သွားရန်။
(၅) မြန်မာနိုင်ငံ၏ ပထဝီဝင် အနေအထားအရ လူနေဧရိယာ၏ ၈၅% လွှမ်းခြုံ ဖြန့်ကျက် နိုင်ရန်။
(၆) ဒုတိယကာလတို(၅)နှစ်တွင် တယ်လီဖုန်းလုံးရေ(၇၅)သန်းထိ သုံးစွဲသွားနိုင်ရန်နှင့် တယ်လီဖုန်း သိပ်သည်းဆ (၁၂၅%) ထိ တိုးတက်ရရှိစေရန်။

 လုပ်ငန်းစဉ်များ

(၁) ဆက်သွယ်ရေးဥပဒေနှင့်အညီ ထုတ်ပြန်ရန် ကျန်ရှိသည့် ဥပဒေ၊ နည်းဥပဒေများအား ရေးဆွဲထုတ်ပြန် သွားရန်။
(၂) ဆက်သွယ်ရေးဥပဒေနှင့်အညီ ဆက်သွယ်ရေး၀န်ဆောင်မှု လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ယှဉ်ပြိုင် ဆောင်ရွက်သွားနိုင်ရန်။
(၃) ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားရန်။
(၄) Radio Frequency Monitoring Control Center စခန်း(၁) ခု နှင့် Frequency Monitoring စခန်း(၃)ခု တည်ဆောက်သွားရန်။
(၅) ဆက်သွယ်ရေးကွန်ရက် အခြေခံအဆောက်အအုံ တိုးချဲ့တပ်ဆင်ခြင်း စီမံကိန်းကို ဆောင်ရွက်သွားရန်။
(၆) ဆက်သွယ်ရေးကွန်ရက်များ အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို ဆောင်ရွက်သွားရန်။
(၇) ပြည်သူများ စာတိုက်လုပ်ငန်းအား တွင်ကျယ်စွာ အသုံးပြုနိုင်ရေး အတွက် Customer Care Center များ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန်။

 မန္တလေးတိုင်းဒေသကြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဝန်ကြီး၏တာဝန်ဝတ္တရားများ

(၁) ဝန်ကြီးချုပ်မှပေးအပ်သောလုပ်ငန်းတာဝန်များကိုဆောင်ရွက်ပါသည်
(၂) အစိုးရအဖွဲ့မှပေးအပ်သောလုပ်ငန်းတာဝန်များကိုဆောင်ရွက်ပါသည်
(၃) လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ  ဦးစီးဌာန(၂၀)ခု၏လုပ်ငန်းတာဝန်များကိုပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပါသည်
(၄) ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ဥက္ကဌ တာဝန်များဆောင်ရွက်ပါသည
(၅) တိုင်းဒေသကြီးတည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဌတာဝန်များဆောင်ရွက်ပါသည် ၊
(၆) တိုင်းဒေသကြီးယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု့ကော်မတီ ဥက္ကဌ တာဝန်များဆောင်ရွက်ပါသည်
(၇) မိတ္ထီလာခရိုင်၏ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပါသည်
(၈) ဥပဒေ ၊ နည်းဥပဒေများရေးဆွဲ၍ အစိုးရအဖွဲ့တင်ပြပြီးလွှတ်တော်အစည်းအဝေးတွင်အတည်ပြုပြဌာန်းပါသည်။

ဦးစီးဌာနများ

စဉ် ၀န်ကြီးဌာန ဦးစီးဌာန
(1) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန - မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန
    လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းဌာန
    ကုန်းလမ်းပို့ဆောင်ရေး (ကုန်စည်/ ခရီးသည်ပို့ဆောင်ရေးဌာနခွဲ)
    လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန
    မြန်မာ့အမျိုးသား လေကြောင်းလိုင်း
    - တံတားဦးလေဆိပ်
    - ချမ်းမြသာစည် လေဆိပ်
    ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန
    ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
    - ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (ဧရာဝတီဌာနခွဲ)
    ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (သင်္ဘောကျင်း)
    မြန်မာ့မီးရထား (အထက်မြန်မာပြည်)
- ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ (အဝေးပြေး)
ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ (မြို့တွင်း)
    ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ (ကုန်တင်/ခေါက်တို)
     
  ရုံးလိပ်စာ ရုံးအမှတ်(၂) ၊ နေပြည်တော်
  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၆၇ - ၄၀၇၂၉၉၊ ၀၆၇ - ၄၀၇၀၅၀
  အီးမေးလ်လိပ်စာ
  website လိပ်စာ www.motc.gov.mm 
     

 

ဝန်ကြီးဌာနပြောင်း 

(၁) မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဝန်ကြီးဌာနပြောင်း၊ မသိသေး
(၂) မြန်မာ့စာတိုက်လုပ်ငန်း ဝန်ကြီးဌာနပြောင်း၊ မသိသေး