categorycover

ပညာရေးဝန်ကြီးဌာန

ပညာရေးဝန်ကြီးဌာန ရည်မှန်းချက်

၁။ တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလ ငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းရေးကို ဦးတည်လေ့ကျင့်ပေးရန်
၂။ ပြည်သူ့နီတိနှင့် ဒီမိုကရေစီကျင့်စဉ်များဖြင့် ဥပေဒကို လေးစား လိုက်နာသော နိုင်ငံသားများ ဖြစ်လာစေရေးအတွက် လေ့ကျင့် ပြုစု ပျိုးထောင်ပေးရန်၊
၃။ ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်း အမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို တန်ဖိုးထား၍ ထိန်းသိမ်း မြှင့်တင်နိုင်ပြီး ယင်းတို့ကို လက်ဆင့်ကမ်းနိုင် သည့် နိုင်ငံသားများ ဖြစ်လာစေရန်၊
၄။ ပညာအခြေပြု လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော လူသားအရင်းအမြစ်များကို လေ့ကျင့်ပြုစုပျိုးထောင် ပေးရန်၊
၅။ နိုင်ငံတာအဆင့်မီပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများကို ထိရောက်စွာ အသုံးပြုခြင်းဖြင့် သင်ကြားရေး၊ သင်ယူရေး၊ သုတေသနနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်း များ၏ အရည်အသွေး မြင့်မားလာစေရန်၊
၆။ ပညာရပ်နယ်ပယ်အလိုက် ကျွမ်းကျင်စွာ တတ်မြောက်သော ထူးချွန် ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာနှင့် သက်မွေး ပညာဆိုင်ရာ ကျွမ်းကျင်သူများကို လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်။
၇။ အားကစားကဏ္ဍကို အားပေးမြှင့်တင်ခြင်းနှင့် ကျောင်း ကျန်းမာရေး လုပ်ငန်းများကို စနစ်တကျ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်စေရန်
၈။ နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ယူ ခွင့်ကို နိုင်ငံသားတိုင်း ခံစားရရှိစေရန်
၉။

မဟာဗျူဟာများ၊ မူဝါဒများနှင့်ယင်းတို့ကို အကောင်အထည် ဖော်ဆောင်ရွက်မှု၊ စီမံချက်၊ ပညာရေးဖွံ့ဖြိုးမှု စီမံကိန်းများကို လည်းကောင်း၊ ပညာရေးနှင့်သက်ဆိုင်သည့် ဥပဒေများ၊ တစ်ခြား လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်သော သတင်း အချက်အလက်များကိုလည်းကောင်း၊ ပြည်သူလူထုက သိရှိ ရယူနိုင်ရန်၊

 

မန္တလေးတိုင်းအတွင်း ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် တက္ကသိုလ်များ

၁    အခြေခံပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံး 
 အဆင့်မြင့်ပညာဦးစီးဌာန

ကျောက်ဆည်တက္ကသိုလ်

မန္တလာဒီဂရီကောလိပ်
မန္တလေးတက္ကသိုလ်
    မန္တလေးအဝေးသင်တက္ကသိုလ်
    မိတ္ထီလာစီးပွားရေးတက္ကသိုလ်
    မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်
    ရတနာပုံတက္ကသိုလ်
    မိတ္ထီလာတက္ကသိုလ်
    နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး)
    မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်
    နည်းပညာတက္ကသိုလ်(မန္တလေး)
    နည်းပညာတက္ကသိုလ်(ကျောက်ဆည်)
    မန္တလေးနည်းပညာတက္ကသိုလ်
    မြင်းခြံဒီဂရီကောလိပ်
  ဆရာအတတ်သင်နှင့်လေ့ကျင့်ရေးဦးစီးဌာန မိတ္ထီလာပညာရေးကောလိပ်
    မန္တလေးပညာရေးကောလိပ်
  စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)
    အစိုးရနည်းပညာကောလိပ်(မြင်းခြံ)
    မန္တလေးကွန်ပျူတာတက္ကသိုလ်
    နည်းပညာတက္ကသိုလ်(ရမည်းသင်း)
    မြန်မာသတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်
    ​မော်တော်ယာဉ်နည်းပညာသုတေသနဌာန
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန နည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း)
    နည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)
    အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)