Agencies

Agencies ဆိုသည်မှာ ပြည်သူလူထုအား အစိုးရရုံးလုပ်ငန်းများကို တိုက်ရိုက် ဝန်ဆောင်မှုပေးနေသော ဝန်ကြီးဌာနများ လက်အောက်ရှိ ဦးစီးဌာနများကို ရည်ညွှန်းထား ဦးစီးဌာနများအကြောင်းကို အချက်အလက်များဖြင့် တင်ပြထားခြင်း ဖြစ်ပါသည်၊၊

See More>>

eServices

eServices ဆိုသည်မှာ အစိုးရ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  လွယ်ကူ မြန်ဆန်စေရန်အတွက် သက်ဆိုင်ရာ ဦးစီးဌာနများမှ ပြည်သူသို့ အွန်လိုင်းမှ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ပြုလုပ်ပေးထားသော ဝန်ဆောင်မှုများ ဖြစ်သည်။

See More >>

Topics

Topics  ဆိုသည်မှာ ပြည်သူများမှ အစိုရရုံးဌာနများတွင် ရယူနိုင်သော ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော အချက်အလက်များကို သိရှိစေရန်နှင့် လျှောက်လွှာ ဖောင်များ ရယူနိုင်ရန်အတွက် ဖြစ်သည်။

See More >>

Categories

Categories ဆိုသည်မှာ "ဝန်ကြီးဌာနများ" ကို ရည်ညွှန်းထားခြင်း ဖြစ်၍ ဝန်ကြီးဌာနများ၏ အဓိကလုပ်ငန်း တာဝန်များနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပါဝင် ဖွဲ့စည်းထားသော ဦးစီးဌာနများကို ဖော်ပြထားပါသည်။

See More>>

 

 

  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့

စဉ် အမည် နှင့် ရာထူး ဆက်စပ်ဝန်ကြီးဌာနများ (ပြည်ထောင်စု)
၁။ ဦးမျိုးအောင် 
ဝန်ကြီးချုပ် 

- ပြည်ထောင်စု တရားလွှတ်တော်ချုပ် -> တရားလွှတ်တော်
- ပြည်ထောင်စု ဥပဒေချုပ်ရုံး -> ဥပဒေချုပ်ရုံး
- ပြည်ထောင်စု ရာထူးဝန်အဖွဲ့ -> ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)
- ပြည်ထောင်စု လွှတ်တော်ရုံး ->တိုင်းဒေသကြီးလွှတ်တော်ရုံး
- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး -> တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်ရုံး

၂။ ဗိုလ်မှူးကြီးကျော်ကျော်မင်း
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
- ကာကွယ်ရေးဝန်ကြီးဌာန 
- ပြည်ထဲရေးဝန်ကြီးဌာန 
နိုင်ငံခြားရေးဝန်ကြီးဌာန
- ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန(၁)၊ (၂)
- နယ်စပ်ရေးရာဝန်ကြီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၃။ ဦးကျော်ဆန်း
စည်ပင်သာယာရေးဝန်ကြီး

- တိုင်းဒေသကြီး စည်ပင်သာယာရေး
- မြို့တော် စည်ပင်သာယာရေးကော်မတီ

၄။ ဦးသိန်းဌေး
စီးပွားရေးရာဝန်ကြီး

- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
- ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
- စက်မှုဝန်ကြီးဌာန
- စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
- ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာန
- ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး -> စာရင်းစစ်ချုပ်ရုံး
- ပညာရေးဝန်ကြီးဌာန
- ကျန်းမာရေးဝန်ကြီးဌာန

၅။ ဦးရွှေဇင်
သယံဇာတရေးရာဝန်ကြီး
- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
- လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
- စွမ်းအင်ဝန်ကြီးဌာန
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
၆။ ဦးအောင်မင်း
လူမှုရေးရာဝန်ကြီး
ပြန်ကြားရေး၀န်ကြီးဌာန
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
အလုပ်သမားဝန်ကြီးဌာန
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
တိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးကြပ်မှုအောက်ရှိ (ကုန်တင်ကုန်ချ ကော်မတီရုံးနှင့် ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန)
၇။ ရဲမှူးချုပ်စိန်လွင်
လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
၈။ ဦးစိုင်းနွမ်
တိုင်းရင်းသားရေးရာဝန်ကြီး

တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၉။ ဦးမြင့်အောင်
ဥပဒေချုပ်
ပြည်ထောင်စုဥပဒေချုပ်ရုံး

၁၀။ ဦးမြင့်လွင်
အတွင်းရေးမှူး
- တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အား တာဝန်ခံ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရုံးလုပ်ငန်းများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ဆက်သွယ်ဆောင်ရွက်သည့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာများ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးလုပ်ငန်းဆိုင်ရာများ

 

Announcements & News

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အများပြည်သူသို့ သိစေလိုသော အသိပေးချက်များနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနများ၏ တင်ဒါခေါ်ယူချက်များ၊ အသိပေးချက်များအစရှိသည့် သတင်းများကို ကြည့်ရှုနိုင်ပါသည်။

 

a3

ဦးစီးဌာန၊  သစ်တောဦးစီးဌာန

ဝန်ကြီးဌာန၊  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန

သတင်းထုတ်ပြန်သည့် ရက်စွဲ ၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင် လ၊ ၂၄ ရက်။

 

ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း တည်ထောင်ခြင်း နည်းစနစ်သင်တန်းများ ဖွင့်လှစ်ခြင်း

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထောင်ရေးစီမံကိန်း (MRRP) (၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၁၅-၂၀၂၆ ခုနှစ်အထိ) (၁၀) နှစ်စာ စီမံကိန်း ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိပါသည်။ မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှလည်း (MRRP) လုပ်ငန်းများကို အကောင်အတည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်၊ MRRP လုပ်ငန်းစဉ်တွင်ပါဝင်သော ကျေးလက်နေပြည်သူလူထုမှ အဓိကပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ပြည်သူများ အသိပညာ ပြည့်ဝစေရေး မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ၊ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျှက် ရှိပါသည်။

၂၀၁၇-၂၀၁၈ ခုနှစ်အတွက် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ

- ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော စိုက်ခင်းတည်ထောင်ခြင်း နည်းစနစ်သင်တန်း(၂)ကြိမ်နှင့်

- သစ်တောစိုက်ခင်း တည်ထောင်ခြင်းနှင့် ပျိုးဉယျာဉ်သင်တန်း (၃) ကြိမ်၊

စုစုပေါင်း သင်တန်း(၅) ကြိမ် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

သင်တန်း တစ်ကြိမ်လျှင် (၅) ရက်၊ ပြည်သူ(၄၀) ဦးဖြင့် ပုသိမ်ကြီးမြို့နယ်၊ CFDTC သင်တန်း ကျောင်းခွဲတွင် ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပါသည်။

 

စိတ်ပါဝင်စား၍ တက်ရောက်လိုပါက အောက်ဖော်ပြပါ လိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
လိပ်စာ   -    သစ်တောဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး (၆၈) လမ်း၊ လမ်း(၃၀)ထောင့်၊ စုပေါင်းရုံးဝန်းအတွင်း၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

၁။ ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ၀၉-၂၀၀၀၄၅၂၊ ၀၂-၃၆၃၅၄၊ ၀၂-၃၆၃၅၂၊ ၀၂-၃၆၃၅၅
၂။ လက်ထောက်ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ မန္တလေးခရိုင် ၀၉-၄၄၄၀၃၈၈၇၆
၃။ လက်ထောက်ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင် ၀၉-၄၃၁၈၀၄၄၆
၄။ လက်ထောက်ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ ကျောက်ဆည်ခရိုင် ၀၉-၅၁၂၉၈၆၇
၅။ လက်ထောက်ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ မိတ္ထီလာခရိုင် ၀၉-၅၀၃၈၃၄၄
၆။ လက်ထောက်ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ မြင်းခြံခရိုင် ၀၉-၂၅၅၇၄၁၇၈၈
၇။ လက်ထောက်ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ ရမည်းသင်းခရိုင် ၀၉-၄၄၄၀၀၂၇၅၄
၈။ လက်ထောက်ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ ညောင်ဦးခရိုင် ၀၉-၄၂၀၇၃၈၀၈၅

 

 

  အမှတ်စဉ် (၂) သင်တန်း (၂၄-၇-၂၀၁၇ရက်နေ့ မှ ၂၈-၇-၂၀၁၇ရက်နေ့ထိ) ဖွင့်ပွဲအခမ်းအနား

 မှတ်တမ်းဓါတ်ပုံများ

002

 

003

 

004

 

001

 

(သစ်တောဦးစီးဌာန)