categorycover

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန

 

ဦးစီးဌာန၏ ရည်မှန်းချက်များ

ဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(၁) ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေပါ အခြေခံမူများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊
(၂) ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ လျင်လျင်မြန်မြန် မှန်မှန်ကန်ကန် ဆောင်ရွက်ရန်၊
(၃) ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်၊
(၄) ပုဂ္ဂလိက စက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ပယ်ဖျက် ခြင်းဆိုင်ရာ အချက်အလက်များ၊ မှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းရန်၊
(၅) ပုဂ္ဂလိကစက်မှုလုပ်ငန်းရှင်များ၏ လျှောက်ထားနိုင်ခွင့်နှင့် ဆောင်ရွက်နိုင် ခွင့်များအား ဆောင်ရွက်ပေးရန်၊
(၆) ဘွိုင်လာနှင့် လျှပ်စစ်ဘေးအန္တရာယ် ကင်းရှင်းစေရေး စစ်ဆေးဆောင်ရွက် ရန်၊၊
(၇) ပုဂ္ဂလိက စက်မှုလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး စစ်ဆေးကြပ်မတ်ရန်၊
(၈) နိုင်ငံတော်မှ ထုတ်ပြန်ထားသော သက်ဆိုင်ရာ တည်ဆဲဥပဒေအမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာမှု ရှိ/မရှိ ပုဂ္ဂလိကစက်မှုလုပ်ငန်းများအား စိစစ်ကြပ်မတ်ရန်။

 ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

ဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(၁) ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေနှင့်အညီ စက်မှုလုပ်ငန်းများအား ကြီးကြပ် စစ်ဆေးပြီး ၎င်းတို့၏ လုပ်ငန်းလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုရရှိရန် အားပေးထောက်ပံ့မြှင့်တင်ခြင်း၊
(၂) ဘွိုင်လာဥပဒေနှင့်အညီ ဘွိုင်လာများကို မှတ်ပုံတင်ပေးခြင်း၊ ကြီးကြပ် စစ်ဆေးခြင်း၊
(၃) လျှပ်စစ်ဥပဒေနှင့်အညီ နိုင်ငံပိုင်၊ သမဝါယမပိုင်နှင့် ပုဂ္ဂလိကပိုင် ကဏ္ဍ များ၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် အသုံးပြုခြင်း လုပ်ငန်းတို့တွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးကြီးကြပ်ခြင်း၊
(၄) အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း။

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန

လျှပ်စစ် စစ်ဆေးရေးဌာန

ဘွိုင်လာ စစ်ဆေးရေးဌာန

အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန