categorycover

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

ရည်မှန်းချက်

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အသိအမှတ်ပြုထားသော ဘာသာ အသီးသီး၏ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရရှိရေး ကူညီဆောင်ရွက်ရန်။

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အလေးထားဆောင်ရွက်ရန်။
ဘာသာအသီးသီး၏ နေ့ထူးနေ့မြတ်များ သတ်မှတ်ခြင်းနှင့် အခမ်းအနားများ ကျင်းပရေး ကူညီဆောင်ရွက်ရန်။

နယ်စပ်တောင်တန်းဒေသနှင့် ဝေးလံခေါင်သီသော ဒေသများရှိ သာသနာပြု လုပ်ငန်းများအား ထောက်ပံ့ကူညီစောင့်ရှောက်ရန်။

ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ဆုံးဖြတ်ချက်များကို ထိရောက် လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေး စီမံဆောင်ရွက်ရန်။

ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွားစေရေးအတွက် ပရိယတ္တိစာမေးပွဲ များ စနစ်တကျ ကျင်းပရန်။

ပရိယတ္တိစာသင်တိုက်များ/တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်ရန်။

ပရိပတ္တိ သာသနာတော် ထွန်းကားပြန့်ပွားစေရေး ကမ္မဋ္ဌာန်းရိပ်သာများကို ကူညီ စောင့် ရှောက်ရန်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများစနစ်တကျရှိစေရေး စီမံဆောင်ရွက်ရန်။

၁၀

သာသနာရေးဆိုင်ရာမှုခင်းများ လျော့နည်းကျဆင်းစေရေး စီမံဆောင်ရွက်ရန်။

၁၁

ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများကို ဒေသအသီးသီးတွင် တိုးချဲ့ဖွင့်လှစ်ရေး စီမံဆောင်ရွက်ရန်။

၁၂

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် အဆင့်မြှင့်တင်ရေးနှင့် သင်ကြားရေးစနစ် တိုးတက်ကောင်းမွန်ရေး စီစဉ်ဆောင်ရွက်ရန်။

၁၃

လုပ်ငန်းများလျင်မြန်ချောမွေ့ပြီးမြောက်စေရေးပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်။

၁၄

e-Government လုပ်ငန်းများ ၊ e-Library လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်ရန်။

၁၅

သမိုင်းဝင်ထင်ရှားသည့် သာသနိကအဆောက်အဦများ ရေရှည်တည်တံ့ ခိုင်မြဲ ရေး ထိန်းသိမ်းစောင့်ရှောက်ရန်။

၁၆

ဝန်ထမ်းများ စာရိတ္တ၊ စည်းကမ်းနှင့် အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် အခါအားလျော်စွာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရန်။

 

လုပ်ငန်းစဉ်

နိုင်ငံတော်ကအသိအမှတ်ပြုထားသော ဘာသာ သာသနာများကိုတတ်နိုင်သမျှ ကူညီစောင့်ရှောက်ခြင်း။

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့များအား တတ်နိုင်သမျှ အားပေး ကူညီ စောင့်ရှောက်ခြင်း။
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းရေးနှင့်ဆွေးနွေး ပွဲ(Interfaith Dialogue)များကို အားပေးကူညီခြင်း။

ဘာသာအသီးသီး၏ဘာသာရေးအသင်းအဖွဲ့များနှင့်အခါအားလျော်စွာတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခြင်း။

နယ်စပ်တောင်တန်းဒေသနှင့် ဝေးလံခေါင်သီသော ဒေသများရှိ သာသနာပြု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ကူညီစောင့်ရှောက်ခြင်း။

ဝိနိစ္ဆယမှုခင်းများလျော့နည်းကျဆင်းစေရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး /ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော် ဆောင် ရွက်ခြင်း။

တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မာစရိယ၊ ပထမပြန်၊ နိကာယ်ငါးရပ်၊ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲများကို နှစ်စဉ်ကျင်းပဆောင်ရွက်ပေးခြင်း။

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များတွင် နှစ်စဉ်ပုံမှန်သင်တန်းများ ဖွင့်လှစ်နိုင်ရေး စီမံ ဆောင်ရွက်ခြင်း။

တိပိဋကဓရတိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲ၊ မဟာဘွဲ့နှင်းသဘင်၊ ပရိယတ္တိ တက္ကသိုလ်ဘွဲ့နှင်းသဘင်တို့အားဆင်ယင်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း။

၁၀

သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ နှစ်စဉ်ဆက်ကပ်နိုင်ရေး စီမံဆောင် ရွက်ခြင်း။

၁၁

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည်များ ကူညီထောက်ပံ့ပေးခြင်း။

၁၂

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ဆရာ၊ ဆရာမများ အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း။

၁၃

ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ ဒေသအသီးသီးတွင် တိုးချဲ့ဖွင့်လှစ်ရေး စီမံဆောင်ရွက်ခြင်း။

၁၄

သာသနာရေးဆိုင်ရာမှုခင်းများ လျော့နည်းကျဆင်းစေရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း။

၁၅

သာသနာရေးဆိုင်ရာမှုခင်းများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်သည့်အနေ ဖြင့် မြို့နယ်အလိုက် ဖွဲ့စည်းထားသော သာသနာတော်ထိမ်းသိမ်းစောင့်ရှောက် ရေးအဖွဲ့များအား ထောက်ပံ့ကူညီခြင်း။

၁၆

သာသနာရေးဆိုင်ရာ မှုခင်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လျင်မြန်ချောမွေ့ ပြီးမြောက်စေရေးအတွက် သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။

၁၇

အုပ်ချုပ်ရေးယန္တရားများလျင်မြန်သွက်လက်စေရေး e-Government စနစ်ကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်း။

၁၈

တန်ဖိုးမဖြတ်နိုင်သည့်ဗုဒ္ဓစာပေများကို နေရာဒေသမရွေးဖတ်ရှုလေ့လာနိုင်ရန်  e-Library လုပ်ငန်းများ အကောင်အထည်ဖော်ခြင်း။

၁၉

သမိုင်းဝင်ထင်ရှားသည့်သာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲ ရေး ထိန်းသိမ်းစောင့်ရှောက်ခြင်း။

၂၀

သာသနိကအဆောက်အဦများကို ထိန်းသိမ်းစောင့်ရှောက်သည့် ဂေါပကအဖွဲ့ များ စနစ်တကျရှိစေရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်း။

၂၁

ဝန်ထမ်းများ၏ စာရိတ္တ၊ စည်းကမ်းနှင့် အရည်အသွေး မြှင့်တင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ဖွင့်လှစ်သောသင်တန်းများသို့ တက်ရောက်စေခြင်း။

၂၂

ဝန်ကြီးဌာနအစီအစဉ်ဖြင့် ဖွင့်လှစ်သော မွမ်းမံသင်တန်းများသို့ ဝန်ထမ်းများ တက်ရောက်စေခြင်း။

၂၃

ဘာသာအသီးသီး၏  ဘာသာရေးဆိုင်ရာ  အခမ်းအနားများသို့  သာသနာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်အားပေးခြင်း။

၂၄

အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှီးနှောဖလှယ်ပွဲများ၊ညီလာခံများသို့သာသနာ ရေးဝန်ကြီးဌာနမှ  တာဝန်ရှိသူများ  တက်ရောက် ဆွေးနွေးခြင်းနှင့်  ပူးပေါင်း ဆောင်ရွက်ခြင်း။

 

မန္တလေးတိုင်းအတွင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ

သာသနာရေးဦးစီးဌာန

သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)

သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန

အနုပညာဦးစီးဌာန

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)

တိုင်းဒေသကြီးသာသနာရေးမှူးရုံး

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)