- Types: Topics
- Categories: စီမံကိန်းနှင့်ဘဏ္ဍာရေး
- agencies: မြန်မာ့အာမခံလုပ်ငန်း
ခရီးသွားအာမခံလုပ်ငန်း
ခရီးသည်များ ခရီးစဉ်အတွင်း မတော်တဆထိခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းအတွက် ထားရှိနိုင်သော အာမခံအကာအကွယ်ဖြစ်ပါသည်။ ယာဉ်စီးခပေး၍ စီးနင်း လိုက်ပါသူ မည်သူမဆို အသက်ကန့်သတ်ချက်မရှိ ခရီးသွားအာမခံ ဝယ်ယူနိုင်သည်။
အဝေးပြေးယာဉ်လိုင်းစီး ခရီးသည်များအတွက် ယာဉ်လိုင်းမှ သတ်မှတ်သည့် ခရီးစဉ်အစမှ ခရီးစဉ်အဆုံးအထိဖြစ်၍ အခြားခရီးသွားအာမခံအမျိုးအစားများဖြစ်ပါက အဆိုလွှာတွင် ဖော်ပြ ထားသော ခရီးစဉ်အစမှ ခရီးဆုံးရောက်ရှိချိန်ထိဖြစ်ပါသည်။
ခရီးသည်တစ်ဦးအတွက် ကျသင့်ပရီမီယံနှုန်းထားမှာ အနည်းဆုံး ကျပ် ၁၀/- မှ အများဆုံး ကျပ် ၁၀၀/- ဖြစ်ပြီး အကျိုးခံစားခွင့်မှာ ခရီးစဉ်အတွင်း မတော်တဆထိခိုက်မှုကြောင့် သေဆုံးမှု အတွက် ပရီမီယံ ကျပ် ၁၀/- ပေါ်တွင် အကျိုးခံစားခွင့်ငွေ ကျပ် ၁၀၀၀၀၀/- ဖြစ်ပါသည်။ ဒဏ်ရာ ရရှိမှုအတွက် ရရှိသည့်ဒဏ်ရာပေါ်မူတည်၍ သတ်မှတ်ထားသည့်လျော်ကြေးရရှိနိုင်ပါသည်။
အဝေးပြေးယာဉ်လိုင်းစီး ခရီးသည်များအတွက် ခရီးသွားအာမခံကို ထိုင်ခုံဇယားစနစ်နှင့် ဝိုင်းကြီးချုပ်စနစ် စသည်ဖြင့် (၂) မျိုး လက်ခံဆောင်ရွက်ပါသည်။
လျော်ကြေးအကျုံးမဝင်သည့်အချက်များမှာ ခရီးသွားနေစဉ်ကာလအတွင်း မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများအတွက် လျော်ကြေးပေးချေမည်ဖြစ်သော် လည်း လျော်ကြေးအကျုံးမဝင်သည့်အချက်များမှာ-
(က) | ရှိရင်းစွဲကိုယ်အင်္ဂါချို့တဲ့မှုနှင့် ရှိရင်းစွဲရောဂါဘယများကြောင့် ဖြစ်ပွားခြင်း၊ |
(ခ) | ရူးသွပ်ခြင်း၊ |
(ဂ) | မိမိကိုယ်မိမိသေကြောင်းကြံစည်ခြင်း၊ |
(ဃ) | တမင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရရှိစေခြင်း၊ |
(င) | မီးဖွားခြင်း၊ ကိုယ်ဝန်ပျက်ခြင်း၊ |
(စ) | အန္တရာယ်ဖြစ်စေနိုင်သည့် ဆောင်ရွက်မှုများတွင် ပါဝင်ပတ်သက်ခြင်း၊ |
(ဆ) | ရာဇဝတ်မှုကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ဥပဒေချိုးဖောက်ခြင်း၊ |
(ဇ) | မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ |
(ဈ) | စစ်၊ သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း၊ အကြမ်းဖက်ဖျက်ဆီးခြင်းနှင့် ပြည်တွင်း မငြိမ်မသက်ဖြစ်ခြင်းတို့ကြောင့် အကျိုးခံစားခွင့်မရရှိနိုင်ပါ။ |
ခရီးသွားအာမခံလျော်ကြေးတောင်းခံရာတွင် သေဆုံးမှုအတွက် ထိခိုက်မှုဖြစ်သည့်နေ့မှစ၍ ၁ နှစ်အတွင်း၊ ဒဏ်ရာရရှိမှုအတွက် ၂ နှစ်အတွင်း တောင်းခံရမည်။ အကျိုးခံစားခွင့်အတွက် ခရီးသွား အာမခံ လျော်ကြေးပုံစံ - ၁/၂/၃ တို့နှင့်အတူ “ခရီးသွားအာမခံကြေးပါပြီး” တံဆိပ်တုံးရိုက်နှိပ်ထား သည့် ယာဉ်စီးလက်မှတ်၊ ထိုင်ခုံဇယား မိတ္တူမှန်/ ထိခိုက်မှုဖြစ်ပွားသော ယာဉ်အမှတ်ပါ ခရီးသွား အာမခံထားရှိသည့် ယာဉ်စာရင်း၊ တောင်းခံသူ၏ မှတ်ပုံတင်မိတ္တူမှန်၊ ခရီးသွား အာမခံထားရှိ ကြောင်း အထောက်အထား၊ ငွေသွင်းအထောက်အထား၊ သေစာရင်းမိတ္တူမှန် (လိုအပ်ပါက)၊ သေဆုံးသူနှင့် တောင်းခံသူတို့ပါဝင်သည့် အိမ်ထောင်စုစာရင်းမိတ္တူမှန်၊ ခရီးသွားအာမခံ လက်မှတ် တွင်ပါရှိသည့် အကျိုးခံစားခွင့်ရှိသူ (သို့) တောင်းခံသူသည် သေဆုံးသူ၏ အကျိုးခံစားခွင့်ရှိသူ မှန်ကန်ကြောင်း နေထိုင်ရာဒေသမှ အာဏာပိုင်အဖွဲ့အစည်း ထောက်ခံချက်တို့ တင်ပြရမည်။
အာမခံထားသူသည် အကျိုးခံစားခွင့်ကို မိမိ၏တရားဝင်ဇနီး/ခင်ပွန်း၊ သားသမီးအရင်း အခြာ၊ မိဘအရင်းအခြာ၊ ညီအစ်ကိုမောင်နှမအရင်းအခြာများသို့သာ လွှဲပြောင်းပေးရမည်ဖြစ်သည်။
Form Download: |
ခရီးသွားအာမခံလုပ်ငန်းပုံစံ |
ဦးစီးဌာန: မြန်မာ့အာမခံလုပ်ငန်း
မြန်မာ့အာမခံလုပ်ငန်းရှိ အခြားသော Topics များ
-
အထူးခရီးသွားအာမခံလုပ်ငန်း
- 1427 hit(s)
-
ခရီးသွားအာမခံလုပ်ငန်း
- 1669 hit(s)
-
ရေယာဉ်လုပ်ငန်းရှင်တာဝန်ရှိမှုအာမခံလုပ်ငန်း
- 1650 hit(s)
-
ကုန်းလမ်းကုန်စည်အာမခံလုပ်ငန်း
- 1553 hit(s)
-
ရေယာဉ်ကိုယ်ထည်အာမခံလုပ်ငန်း
- 1843 hit(s)
-
ရေကြောင်းကုန်ပစ္စည်းအာမခံလုပ်ငန်း
- 1496 hit(s)
-
ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံ
- 1455 hit(s)
-
ငွေသားလုံခြုံမှုအာမခံလုပ်ငန်း
- 5124 hit(s)
-
ငွေပို့ငွေသယ်အာမခံလုပ်ငန်း
- 1480 hit(s)
-
သမာဓိအာမခံလုပ်ငန်း
- 1423 hit(s)
-
မီအားမခံလုပ်ငန်း
- 1656 hit(s)
-
အလုံးစုံမော်တော်ယာဉ်အာမခံလုပ်ငန်း
- 2043 hit(s)
-
သူတစ်ပါးထိခိုက်မှု နစ်နာကြေးတောင်းခံလွှာ
- 1560 hit(s)
-
ကျန်းမာရေးအာမခံလျော်ကြေးတောင်းခံခြင်း
- 1358 hit(s)
-
ကျန်းမာရေးအာမခံအဆိုလွှာ
- 1392 hit(s)
-
အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံအဆိုလွှာ
- 1270 hit(s)
-
စုပေါင်းအသက်အာမခံအဆိုလွှာ
- 1462 hit(s)
-
ပြည်သူပြည်သား အသက်အာမခံအဆိုလွှာ
- 1477 hit(s)
-
ပြည်သူ့ဝန်ထမ်း/တပ်မတော်ဝန်ထမ်းအသက်အာမခံအဆိုလွှာ
- 1498 hit(s)