- Types: Topics
- Categories: စီမံကိန်းနှင့်ဘဏ္ဍာရေး
- agencies: မြန်မာ့အာမခံလုပ်ငန်း
မီအားမခံလုပ်ငန်း
မီးအာမခံလုပ်ငန်းသည် နိုင်ငံပိုင်၊ သမဝါယမပိုင်၊ ဖက်စပ်လုပ်ငန်းများပိုင်နှင့် ပုဂ္ဂလိကပိုင် အဆောက်အအုံများ၊ စက်ကိရိယာများ၊ ကုန်ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများနှင့် လုပ်ငန်းသုံး ပစ္စည်းများ မီးနှင့်အခြားဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးပါက ယင်းဆုံးရှုံးမှုကို ပြန်လည် ထူထောင်ရာတွင် အထောက်အကူပြုရန်ဖြစ်ပါသည်။ သာမန်မီးအာမခံနှင့်အတူ ဘေးအန္တရာယ်များ ထားရှိနိုင်ပါသည်။
ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများဖြစ်သည့် အဆောက်အဦးများ၊ စက်ပစ္စည်းများ၊ ကုန်ပစ္စည်းများ ပရိဘောဂများနှင့် လုပ်ငန်းသုံးပစ္စည်းများကို အာမခံထားရှိရာတွင် ၁၀ ရက်မှ ၁ နှစ်အထိ ထားရှိနိုင်ပါသည်။
ပရီမီယံနှုန်းထားသတ်မှတ်ရာတွင် အဆောက်အအုံအတန်းအစား၊ ယင်းအဆောက်အအုံကို အသုံးပြုပုံ၊ အဆောက်အအုံသက်တမ်းနှင့် ပတ်ဝန်းကျင်ရှိအဆောက်အအုံများ၏ အခြေအနေပေါ် မူတည်၍ တွက်ချက်ထားသောနှုန်းဇယားအရ သတ်မှတ်ပါသည်။ ဘေးအန္တရာယ်များအတွက် အပို ပရီမီယံကြေးရယူ၍ အာမခံလက်ခံဆောင်ရွက်ပါသည်။
အာမခံသက်တမ်းအတွင်း အဆောက်အအုံအမျိုးအစားပြောင်းလဲခြင်း၊ အသုံးပြုပုံပြောင်းလဲ ခြင်း၊ အာမခံတန်ဘိုးပြောင်းလဲခြင်း၊ အာမခံထားသောပစ္စည်းများ အပြောင်းအရွှေ့ရှိခြင်း၊ အာမခံ အကာအကွယ်ပြောင်းလဲခြင်း၊ အာမခံသက်တမ်း အပြောင်းအလဲပြုလုပ်ခြင်းနှင့် ပိုင်ရှင်ပြောင်းလဲ ခြင်းများအတွက် ဆောင်ရွက်နိုင်၍ ပရီမီယံ လိုငွေ/ပိုငွေရှိနိုင်ပါသည်။
ဆုံးရှုံးမှုဖြစ်ပွားပါက မြန်မာ့အာမခံလုပ်ငန်းသို့ ချက်ချင်းအကြောင်းကြား၍ (၁၅) ရက် အတွင်း လျော်ကြေးတောင်းခံရန်နှင့် ပျက်စီးမှုမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးထားရှိပြီး ဆုံးရှုံးမှုကို မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူများနှင့် အာဏာပိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့မှ မျက်မြင်စစ်ဆေးမည်ဖြစ်ပါသည်။
သာမန်မီးအာမခံတွင် အောက်ဖော်ပြပါဆုံးရှုံးမှုများအပြင် ဆက်စပ်လျက်ရှိသော ဆုံးရှုံးမှုများ လည်း အကျုံးဝင်ပါသည်။
(က) | မတော်တဆလောင်ကျွမ်းသောမီး၊ အခြားမှ ကူးစက်လောင်ကျွမ်းသောမီး ဖြစ်ရမည်။ မီးတောက်မီးပွားထွက်၍ ငြိစွဲလောင်ကျွမ်းရမည်။ အကျုံးမဝင်သောအန္တရာယ်ကြောင့် မဖြစ်စေရပါ။ |
(ခ) | မိုးကြိုးပစ်ခြင်းကြောင့်လောင်ကျွမ်းခြင်းအကျုံးဝင်ပါသည်။ မီးငြိစွဲလောင်ရန်မလိုပါ။ |
(ဂ) | အိမ်သုံးဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် လောင်ကျွမ်းသောမီးလည်း အကျုံးဝင်ပါသည်။ သို့ရာတွင် ဓါတ်ငွေ့ထုတ်လုပ်ခြင်းနှင့်ကူးသန်းရောင်းဝယ်မှုလုပ်ငန်းများတွင် ဓါတ်ငွေ့ အသုံးပြု၍ ပေါက်ကွဲမှုမျိုး မဖြစ်စေရပါ။ ဓါတ်ငွေ့ထုတ်လုပ်သည့် လုပ်ငန်းတွင် ပေါက်ကွဲမှုဖြစ်ခြင်း၊ ကူးသန်းရောင်းဝယ်မှုလုပ်ငန်းများတွင် ဓါတ်ငွေ့အသုံးပြုခြင်း ကြောင့် ပေါက်ကွဲမှုဖြစ်ခြင်းတို့မှ မီးလောင်ကျွမ်းမှုများ အကျုံးမဝင်ပါ။ |
(ဃ) | မီးလောင်နေသည့်အဆောက်အအုံအတွင်းမှ ပစ္စည်းများရွှေ့ပြောင်းစဉ် ပျက်စီးဆုံးရှုံး ခြင်း၊ |
(င) | မီးလောင်နေသည့်အဆောက်အအုံအတွင်းမှ ပစ္စည်းများရွှေ့ပြောင်းစဉ် ပျက်စီးဆုံးရှုံး ခြင်း၊ |
(စ) | မီးသတ်ဝန်ထမ်းများက တာဝန်အရ တရားဝင်ဆောင်ရွက်ရာမှ ပျက်စီးဆုံးရှုံးခြင်း၊ |
(ဆ) | မီးလောင်မှုကြောင့် အမိုး/ကြမ်းခင်း/နံရံများပြိုကျရာမှ ပျက်စီးဆုံးရုံးခြင်း၊ |
(ဇ) | မီးလောင်နေသည့် အဆောက်အအုံအတွင်းမှပစ္စည်းများ ပြင်ပတွင်စုပုံထားရှိစဉ် မိုးရေ ကြောင့်ဖြစ်စေ၊ ရာသီဥတုကြောင့်ဖြစ်စေ ပျက်စီးဆုံးရှုံးခြင်း၊ |
သာမန်မီးအာမခံတွင် တားဆီးဟန့်တားရန်မဖြစ်နိုင်သော ဆုံးရှုံးမှုအတိုင်းအတာကို ကြိုတင် ခန့်မှန်းရန် မလွယ်ကူသော အောက်ဖော်ပြပါဘေးအန္တရာယ်များ အကျုံးမဝင်ပါ။
(က) | မြေငလျင်လှုပ်ခြင်း၊ မီးတောက်ပေါက်ကွဲခြင်း၊ မြေကြောရှုံခြင်း စသည့်သဘာဝ ဖောက်ပြန်မှုဘေးအန္တရာယ် |
(ခ) | လေပြင်းမုန်တိုင်းအမျိုးမျိုးနှင့် လေထုမငြိမ်သက်ဖြစ်မှုစသည့် အာကာသဖောက်ပြန်မှု ဘေးအန္တရာယ် |
(ဂ) | စစ်ပွဲ၊ နယ်မြေသိမ်းပိုက်ခြင်း၊ ပြည်ပရန်သူကတိုက်ခိုက်ခြင်း၊ စစ်ပြုခြင်း(သို့မဟုတ်) စစ်ပြုသကဲ့သို့တိုက်ခိုက်ခြင်း (စစ်ကြော်ငြာသည်ဖြစ်စေ၊ မကြေငြာသည်ဖြစ်စေ) နိုင်ငံ ပြင်ပမှ လူဖန်တီးသည့်ဘေးအန္တရာယ်များ၊ |
(ဃ) | ပြည်တွင်းစစ်၊ လူထုအုံကြွခြင်း၊ ဆူပူသောင်းကျန်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း စသည် ကဲ့သို့ (နိုင်ငံတွင်းမှ) လူဖန်တီးသည့် ဘေးအန္တရာယ်များ၊ |
(င) | မီးလောင်ဆဲ၊ မီးလောင်ပြီးနောက် ခိုးယူပျောက်ဆုံးခြင်း၊ |
(စ) | သဘာဝအပူဓါတ် သို့မဟုတ် ပစ္စည်း၏သဘာဝအရ အလိုအလျောက် တောက်လောင် ပျက်စီးခြင်း၊ |
(ဆ) | အစိုးရအမိန့်ဖြင့် ပစ္စည်းကိုမီးရှို့ဖျက်စီးခြင်း၊ |
(ဇ) | မြေအောက်မီးကြောင့် ပျက်စီးခြင်း၊ |
(ဈ) | ပေါက်ကွဲခြင်းကြောင့်ဖြစ်ပေါ်သည့် ဆုံးရှုံးပျက်စီးမှု (ဓါတ်ငွေ့ထုတ်လုပ်သည့်လုပ်ငန်း တွင် ပေါက်ကွဲမှုဖြစ်ခြင်း၊ ကူးသန်းရောင်းဝယ်မှုလုပ်ငန်းတွင် ဓါတ်ငွေ့အသုံးပြုခြင်း ကြောင့် ပေါက်ကွဲမှုဖြစ်ခြင်း) |
(ည) | သစ်တော၊ တောချုံ၊ မြက်ခင်း၊ တောများမီးလောင်ခြင်းမှ ပေါ်ပေါက်သောဆုံးရှုံး ပျက်စီးမှု၊ |
သာမန်မီးအာမခံနှင့် အကျုံးမဝင်သည့်ဘေးအန္တရာယ်အချို့ကို အပိုပရီမီယံကြေးယူ၍ အာမခံ လက်ခံနိုင်သည်။ သို့ရာတွင် ယင်းအန္တရာယ်များအတွက် သီးခြားအာမခံထား၍မရပါ။ သာမန်မီး အာမခံနှင့်ပူးတွဲ၍သာ အာမခံထားရှိနိုင်ပါသည်။ ဘေးအန္တရာယ်များအတွက် အာမခံတန်ဘိုးကို သာမန်မီးအာမခံတန်ဘိုးနှင့်အညီ ထားရှိရပါသည်။ သာမန်မီးအာမခံနှင့်အတူ လက်ခံဆောင်ရွက် ပေးသည့် ဘေးအန္တရာယ်များမှာ-
(က) | အဓိကရုဏ်း၊ သပိတ်မှောက်ခြင်းနှင့် မသမာဖျက်စီးမှု |
(ခ) | မြေငလျင်ကြောင့်မီးလောင်ခြင်း၊ ပြိုအက်ပျက်စီးခြင်း |
(ဂ) | ပေါက်ကွဲပျက်စီးမှု |
(ဃ) | အလိုအလျောက်မီးစွဲလောင်မှု |
(င) | လေပြင်းမုန်တိုင်းအမျိုးမျိုး |
Form Download: |
မီးအာမခံလုပ်ငန်းပုံစံ |
ဦးစီးဌာန: မြန်မာ့အာမခံလုပ်ငန်း
မြန်မာ့အာမခံလုပ်ငန်းရှိ အခြားသော Topics များ
-
အထူးခရီးသွားအာမခံလုပ်ငန်း
- 1416 hit(s)
-
ခရီးသွားအာမခံလုပ်ငန်း
- 1664 hit(s)
-
ရေယာဉ်လုပ်ငန်းရှင်တာဝန်ရှိမှုအာမခံလုပ်ငန်း
- 1646 hit(s)
-
ကုန်းလမ်းကုန်စည်အာမခံလုပ်ငန်း
- 1548 hit(s)
-
ရေယာဉ်ကိုယ်ထည်အာမခံလုပ်ငန်း
- 1833 hit(s)
-
ရေကြောင်းကုန်ပစ္စည်းအာမခံလုပ်ငန်း
- 1493 hit(s)
-
ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံ
- 1452 hit(s)
-
ငွေသားလုံခြုံမှုအာမခံလုပ်ငန်း
- 5073 hit(s)
-
ငွေပို့ငွေသယ်အာမခံလုပ်ငန်း
- 1474 hit(s)
-
သမာဓိအာမခံလုပ်ငန်း
- 1416 hit(s)
-
မီအားမခံလုပ်ငန်း
- 1647 hit(s)
-
အလုံးစုံမော်တော်ယာဉ်အာမခံလုပ်ငန်း
- 2037 hit(s)
-
သူတစ်ပါးထိခိုက်မှု နစ်နာကြေးတောင်းခံလွှာ
- 1553 hit(s)
-
ကျန်းမာရေးအာမခံလျော်ကြေးတောင်းခံခြင်း
- 1353 hit(s)
-
ကျန်းမာရေးအာမခံအဆိုလွှာ
- 1388 hit(s)
-
အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံအဆိုလွှာ
- 1267 hit(s)
-
စုပေါင်းအသက်အာမခံအဆိုလွှာ
- 1457 hit(s)
-
ပြည်သူပြည်သား အသက်အာမခံအဆိုလွှာ
- 1474 hit(s)
-
ပြည်သူ့ဝန်ထမ်း/တပ်မတော်ဝန်ထမ်းအသက်အာမခံအဆိုလွှာ
- 1490 hit(s)