- Types: Topics
- Categories: စီမံကိန်းနှင့်ဘဏ္ဍာရေး
- agencies: မြန်မာ့အာမခံလုပ်ငန်း
ရေယာဉ်လုပ်ငန်းရှင်တာဝန်ရှိမှုအာမခံလုပ်ငန်း
သင်္ဘောနှင့် မည်သည့်စက်တပ်ရေယာဉ်ပေါ်တွင်မဆို တာဝန်ထမ်းဆောင်နေသည့် ရေယာဉ် လုပ်သားများနှင့် ရေယာဉ်လုပ်ငန်းရှင်များ အာမခံထားရှိနိုင်ပါသည်။ တစ်ဦးလျှင် တစ်ယူနစ် ကျပ် ၅ သိန်းမှ အများဆုံး လေးယူနစ် ကျပ်သိန်း ၂၀ အထိ ထားရှိနိုင်ပြီး အာမခံသက်တမ်း ၁ နှစ်အတွက် တစ်ယူနစ်လျှင် ပရီမီယံ ကျပ် ၃၅၀၀/- ဖြစ်ပါသည်။
သင်္ဘောနှင့် မည်သည့် စက်တပ်ရေယာဉ်ပေါ်တွင် မဆိုတာဝန်ထမ်းဆောင်သူများ ရေယာဉ် ပေါ်တွင် တာဝန်ထမ်းဆောင်စဉ် (ရေယာဉ်ပေါ်သို့အတက်အဆင်းပြုနေစဉ်အပါအဝင်) သေဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ ထာဝစဉ်လုံးဝမသန်မစွမ်းခြင်းနှင့် တစ်စိတ်တစ်ဒေသမစွမ်းမသန်ဖြစ်ခြင်းတို့အတွက် အကျိုးခံစားခွင့်ရနိုင်ပါသည်။ သေဆုံး၍ အလောင်းမရရှိပါက အကျိုးခံစားခွင့်ကို ၁ နှစ် ဆိုင်းငံ့၍ ပေးပါမည်။ သေဆုံးခြင်းအတွက် အာမခံထားငွေ၏ ၁၀၀% အကျိုးခံစားခွင့်ရရှိနိုင်ပြီး၊ ဒဏ်ရာ ရရှိခြင်းအတွက် အာမခံထားငွေ၏ ၈၀% ထက် မပိုစေရပါ။ သေဆုံး/ထိခိုက်မှုဖြစ်လျှင် မြန်မာ့ အာမခံလုပ်ငန်းသို့ ချက်ချင်းအကြောင်းကြား၍ ၆ လအတွင်း အကျိုးခံစားခွင့်တောင်းခံရမည်။
အကျိုးခံစားခွင့် မရရှိနိုင်သောကိစ္စရပ်များမှာ ရေယာဉ်ပေါ်သို့ မတက်ရောက်မီနှင့် ရေယာဉ် ပေါ်မှဆင်းပြီးနောက် ကာလတွင်ဖြစ်ပေါ်သည့် မတော်တဆထိခိုက်မှု၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ကြိုတင်ကြံရွယ်ချက်ဖြင့်ပြုလုပ်ခြင်း၊ မိမိကိုယ်မိမိသေကြောင်းကြံခြင်း၊ ရေယာဉ်ပေါ်တွင် ပြစ်မှု ကျူးလွန်သူဖြစ်ခြင်းတို့ကြောင့် အကျိုးခံစားခွင့် မရရှိနိုင်ပါ။
အာမခံသက်တမ်းအတွင်းအာမခံထားရှိသူ ပြောင်းလဲခြင်း၊ အာမခံတန်ဘိုးပြောင်းလဲခြင်းတို့ ပြုလုပ်နိုင်၍ ပရီမီယံ ပိုငွေ/လိုငွေ ရှိနိုင်ပါသည်။
Form Download: |
ရေယာဉ်လုပ်ငန်းရှင်တာဝန်ရှိမှုအာမခံလုပ်ငန်းပုံစံ |
ဦးစီးဌာန: မြန်မာ့အာမခံလုပ်ငန်း
မြန်မာ့အာမခံလုပ်ငန်းရှိ အခြားသော Topics များ
-
အထူးခရီးသွားအာမခံလုပ်ငန်း
- 1427 hit(s)
-
ခရီးသွားအာမခံလုပ်ငန်း
- 1669 hit(s)
-
ရေယာဉ်လုပ်ငန်းရှင်တာဝန်ရှိမှုအာမခံလုပ်ငန်း
- 1651 hit(s)
-
ကုန်းလမ်းကုန်စည်အာမခံလုပ်ငန်း
- 1554 hit(s)
-
ရေယာဉ်ကိုယ်ထည်အာမခံလုပ်ငန်း
- 1844 hit(s)
-
ရေကြောင်းကုန်ပစ္စည်းအာမခံလုပ်ငန်း
- 1496 hit(s)
-
ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံ
- 1456 hit(s)
-
ငွေသားလုံခြုံမှုအာမခံလုပ်ငန်း
- 5124 hit(s)
-
ငွေပို့ငွေသယ်အာမခံလုပ်ငန်း
- 1480 hit(s)
-
သမာဓိအာမခံလုပ်ငန်း
- 1423 hit(s)
-
မီအားမခံလုပ်ငန်း
- 1656 hit(s)
-
အလုံးစုံမော်တော်ယာဉ်အာမခံလုပ်ငန်း
- 2043 hit(s)
-
သူတစ်ပါးထိခိုက်မှု နစ်နာကြေးတောင်းခံလွှာ
- 1560 hit(s)
-
ကျန်းမာရေးအာမခံလျော်ကြေးတောင်းခံခြင်း
- 1358 hit(s)
-
ကျန်းမာရေးအာမခံအဆိုလွှာ
- 1392 hit(s)
-
အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံအဆိုလွှာ
- 1270 hit(s)
-
စုပေါင်းအသက်အာမခံအဆိုလွှာ
- 1462 hit(s)
-
ပြည်သူပြည်သား အသက်အာမခံအဆိုလွှာ
- 1477 hit(s)
-
ပြည်သူ့ဝန်ထမ်း/တပ်မတော်ဝန်ထမ်းအသက်အာမခံအဆိုလွှာ
- 1498 hit(s)