Types: Topics
Categories: စီမံကိန်းနှင့်ဘဏ္ဍာရေး
agencies: မြန်မာ့အာမခံလုပ်ငန်း

ငွေပို့ငွေသယ်အာမခံလုပ်ငန်း

 

နိုင်ငံပိုင်လုပ်ငန်းများ၊ သမဝါယမပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကပိုင်လုပ်ငန်းများသည် မိမိတို့ လက်ဝယ်ရှိငွေများကို တစ်နေရာမှတစ်နေရာသို့ သယ်ဆောင်ခြင်းပြုကြပါသည်။ ထိုသို့ ငွေကြေး သယ်ဆောင်သည့်အချိန်တွင် သယ်ယူသူ၏ ပေါ့ဆမှုကြောင့်သော်လည်းကောင်း၊ လုယက်ခံရခြင်း/ ခိုးယူခံရခြင်းများ ဖြစ်ပွားသည့်အခါ၌သော်လည်းကောင်း ဆုံးရှုံးသွားသောငွေများကို ပြန်လည်ရရှိ စေရန် အကာအကွယ်ပေးပါသည်။ ဆုံးရှုံးမှုဖြစ်ပါက မြန်မာ့အာမခံလုပ်ငန်းသို့ ချက်ချင်းအကြောင်း ကြား လျော်ကြေးတောင်းခံရမည်။


ငွေပို့ငွေသယ်အာမခံတွင် တစ်နေရာမှ တစ်နေရာသို့သယ်ဆောင်မည့် ငွေသားများကို အာမခံ ထားရှိခြင်းဖြစ်၍ အာမခံသက်တမ်းမှာ တစ်ရက်မှတစ်နှစ်အထိ ထားရှိနိုင်ပြီး တစ်ကြိမ်သယ်ယူမည့် အများဆုံးငွေကို အာမခံထားငွေအဖြစ် သတ်မှတ်ပါသည်။ နိုင်ငံပိုင်လုပ်ငန်းများအတွက် ၁ နှစ် (ခန့်မှန်း) ဆောင်ရွက်ပေးပြီး၊ ပုဂ္ဂလိကဘဏ်/လုပ်ငန်းများအတွက် တစ်ကြိမ်သယ်သောငွေကို ကြိုတင်အကြောင်းကြားပြီး ငွေသယ်ကြိမ်အလျောက် အကြိမ်တိုင်း အာမခံလက်ခံပါသည်။
ပရီမီယံနှုန်းထားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

သယ်ယူမည့်ခရီးအကွာအဝေး ကျပ် ၁၀၀၀/- ပေါ်ကျသင့်နှုန်း
၁၀ မိုင်အတွင်း ကျပ် .၂၇
၁၀ မိုင်မှ ၁၅ မိုင်အတွင်း ကျပ် .၅၄
၁၅ မိုင်မှ ၂၀ မိုင်အတွင်း ကျပ် .၈၁

 

Form Download:

ငွေပို့ငွေသယ်အာမခံလုပ်ငန်းပုံစံ

 ဦးစီးဌာန: မြန်မာ့အာမခံလုပ်ငန်း

 

မြန်မာ့အာမခံလုပ်ငန်းရှိ အခြားသော Topics များ