Types: Topics
Categories: စီမံကိန်းနှင့်ဘဏ္ဍာရေး
agencies: မြန်မာ့အာမခံလုပ်ငန်း

 

သူတစ်ပါးထိခိုက်မှု နစ်နာကြေးတောင်းခံလွှာ

 

 (၁) စက်တပ်ယာဉ်ထိခိုက်မှုကြောင့် သေဆုံးလျှင် အများဆုံး ကျပ်၁၀သိန်း၊ ထိခိုက်မှု ဖြစ်ပွားသည့်နေ့မှ ၁၂ လအတွင်း တောင်းခံရမည်။
 (၂)  စက်တပ်ယာဉ်ကြောင့် ဒဏ်ရာရရှိလျှင် အများဆုံး ကျပ် ၈ သိန်း ထိခိုက်မှုဖြစ်ပွားသည့်နေ့မှ  ၂၄ လအတွင်း တောင်းခံရမည်။
 (၃)   စက်တပ်ယာဉ်ကြောင့် သူတစ်ပါးပိုင်ပစ္စည်း ပျက်စီးဆုံးရှုံးခြင်းတွင် စက်တပ်ယာဉ်ပျက်စီး ခြင်း/ အခြားပစ္စည်းပျက်စီးခြင်း အများဆုံး ကျပ် ၅ သိန်းထိ ရရှိနိုင်ပါသည်။
 (၄)  ထိခိုက်မှုဖြစ်ရပ်တစ်ခုတွင် စက်တပ်ယာဉ်နှင့် အခြားပစ္စည်းပျက်စီးမှုအတွက် နစ်နာကြေး စုစုပေါင်းသည် ကျပ် ၁၀ သိန်းထက် မကျော်စေရ။
 (၅) စက်တပ်ရေယာဉ်ကြောင့် နစ်နာကြေးတောင်းခံရာတွင် အလောင်းမရရှိပါက အမှုတွဲအား ပြည့်စုံစွာဆောင်ရွက်ပြီး ၂ နှစ် စောင့်ဆိုင်းပါသည်။

သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးတောင်းခံရာတွင် ပူးတွဲတင်ပြရမည့် အထောက်အထားများ

 (၁) သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေး တောင်းခံလွှာပုံစံ (က) သို့မဟုတ် (ခ)
 (၂) ပြည်သူ့ဆေးရုံမှ ဆေးအစီရင်ခံစာပုံစံ (တက်ရောက်ကုသသည့်)
 (၃)  မြန်မာနိုင်ငံရဲတပ်ဖွဲ့အစီရင်ခံစာပုံစံ (အခင်းဖြစ်ပွားရာ)
 (၄) အိမ်ထောင်စုဇယားမိတ္တူ (သေဆုံးသူ၊ တောင်းခံသူတို့ပါဝင်သော)
 (၅) တောင်းခံသူ၏နိုင်ငံသားကဒ်မိတ္တူ
 (၆) သေဆုံးမှုလက်မှတ်မိတ္တူ (ပြည်သူ့ဆေးရုံမှထုတ်ပေးသော)
 (၇) ယာဉ်မောင်းလိုင်စင်မိတ္တူ
 (၈) ထိခိုက်မှုဖြစ်သည့်ယာဉ်ပရီမီယံပေးသွင်းထားသောငွေရပြေစာမိတ္တူ
 (၉) ရပ်ကွက်/မြို့နယ် အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက် (အိမ်ထောင်စုဇယားရှိရာ)

 

 

Form Download:

သူတစ်ပါးထိခိုက်မှု နစ်နာကြေးတောင်းခံလွှာ

 ဦးစီးဌာန: မြန်မာ့အာမခံလုပ်ငန်း

 

မြန်မာ့အာမခံလုပ်ငန်းရှိ အခြားသော Topics များ