Types: Topics
Categories: စီမံကိန်းနှင့်ဘဏ္ဍာရေး
agencies: မြန်မာ့အာမခံလုပ်ငန်း

ရေကြောင်းကုန်ပစ္စည်းအာမခံလုပ်ငန်း

 

ရေကြောင်းကုန်ပစ္စည်းအာမခံဆိုသည်မှာ ကုန်ပစ္စည်းများကို ယာဉ်များဖြင့် တစ်နေရာမှ တစ်နေရာ၊ တစ်မြို့မှ တစ်မြို့၊ တစ်နိုင်ငံမှတစ်နိုင်ငံသို့ ရေကြောင်းခရီးဖြင့်ဖြစ်စေ၊ ကုန်းလမ်းခရီး ဖြင့်ဖြစ်စေ၊ လေကြောင်းခရီးဖြင့်ဖြစ်စေ၊ ၄င်းအပြင် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်း ပူးပေါင်း၍ဖြစ်စေ သယ်ယူပို့ဆောင်ရာတွင် ဆုံးရှုံးမှုပေါ်ပေါက်ပါက အကာအကွယ်ရရှိစေရန် အာမခံ ထားရှိခြင်းဖြစ်ပါသည်။ အာမခံအကာအကွယ်မှာ စတင်သယ်ဆောင်သည့်ဆိပ်ကမ်းမှ ပစ္စည်း ရောက်ရှိသည့် ဆိပ်ကမ်းအထိ (သို့) စတင်သယ်ဆောင်သည့်ကုန်လှောင်ရုံမှ ပစ္စည်းရောက်ရှိသည့် ကုန်လှောင်ရုံအထိ ခရီးတစ်ခေါက်အတွက်သာ အကြုံးဝင်ပါသည်။


ရေကြောင်းကုန်ပစ္စည်းအာမခံထားရှိရာတွင် ကုန်ပစ္စည်းသယ်ယူမည့်ယာဉ် စတင်မထွက် ခွာမီ အာမခံထားသူမှ သက်တမ်းရှိ ရေယာဉ်လိုင်စင်မိတ္တူနှင့် ကုန်စည်ပို့ဆောင်ခွင့်လိုင်စင်မိတ္တူ တို့နှင့်အတူ အဆိုလွှာပါ အချက်အလက်များကို ပြည့်စုံစွာ တင်ပြရန်လိုအပ်ပါသည်။


အာမခံထားသည့်ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ရေယာဉ်သည် သဘာဝဘေး အန္တရာယ်ကြောင့်သော်လည်းကောင်း၊ မတော်တဆ ထိခိုက်မိ၍သော်လည်းကောင်း၊ မီးလောင်၍ သော်လည်းကောင်း၊ သင်္ဘောလုံးဝနစ်မြုပ်သွားပြီး (သို့မဟုတ်) သင်္ဘောလုံးဝပျက်စီးသွားပြီး ကုန် ပစ္စည်းများ လုံးဝဆုံးရှုံးမှုရှိမှသာလျှင် ပေးလျော်ပါသည်။ တစ်စိတ်တစ်ဒေသဆုံးရှုံးပါက ပေးလျော် ခြင်းမရှိပါ။ သို့ရာတွင် သင်္ဘောလုံးဝနစ်မြုတ်မှုဘေးမှ ကင်းဝေးအောင်ဆောင်ရွက်ရာတွင် ကုန်ကျ သည့်စရိတ်များ၊ အလုပ်သမားခများကိုပေးလျော်ရန် တာဝန်ယူရပါသည်။ ပြည်တွင်းတွင် တစ်နေရာ မှ တစ်နေရာသို့သယ်ယူသောကုန်ပစ္စည်းများ အာမခံထားခြင်းကို လုံးဝဆုံးရှုံးအကာအကွယ်ဖြင့် လက်ခံဆောင်ရွက်ပေးပါသည်။


ပရီမီယံနှုန်းထားမှာ မြစ်တွင်းသွားရေယာဉ်များပေါ်တွင် အထွေထွေကုန်ပစ္စည်းများ တင်ဆောင်ခြင်းအတွက် အာမခံထားငွေပေါ်တွင် .၁၄%၊ ဂုန်နီအိတ် တင်ဆောင်ခြင်းအတွက် .၁၁၂%၊ ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဓာတ်ငွေများတင်ဆောင်ခြင်းအတွက် .၂၈%၊ အပိုအကာ အကွယ်အဖြစ် စစ်နှင့်စစ်အသွင်အကာအကွယ်အတွက် .၁၀%၊ သပိတ်၊အဓိကရုဏ်းနှင့် လူထု အုံကြွမှုအကာအကွယ်အတွက် .၀၆% သတ်မှတ်ကောက်ခံ၍ ဆိပ်ကမ်းရက်လွန်ကြေးကို အခြေခံ ပရီမီယံ၏ ၁၀% သတ်မှတ်ကောက်ခံပါသည်။ ဆုံးရှုံးမှုဖြစ်ပါက မြန်မာ့အာမခံလုပ်ငန်းသို့ ချက်ချင်း အကြောင်းကြား လျော်ကြေးတောင်းခံရမည်။

 

Form Download:

ရေကြောင်းကုန်ပစ္စည်းအာမခံလုပ်ငန်းပုံစံ

 

 ဦးစီးဌာန: မြန်မာ့အာမခံလုပ်ငန်း

 

မြန်မာ့အာမခံလုပ်ငန်းရှိ အခြားသော Topics များ