Types: Topics
Categories: စီမံကိန်းနှင့်ဘဏ္ဍာရေး
agencies: မြန်မာ့အာမခံလုပ်ငန်း

ရေယာဉ်ကိုယ်ထည်အာမခံလုပ်ငန်း

 

ရေယာဉ်ကိုယ်ထည်အာမခံဆိုသည်မှာ ရေယာဉ်များ၏ ကိုယ်ထည်သာမက စက်ကိရိယာများ ပျက်စီးဆုံးရှုံးမှုအတွက် အကာအကွယ်ပေးသည့် အာမခံဖြစ်ပါသည်။
ရေယာဉ်ကိုယ်ထည်အာမခံလုပ်ငန်းအမျိုးအစားများမှာ-

 (က) အချိန်ပိုင်းအာမခံ 
 (ခ)  ခရီးတစ်ခေါက်အာမခံ
 (ဂ)  သင်္ဘောတည်ဆောက်မှုအာမခံ
 (ဃ)  ရေယာဉ်ဆိပ်ကမ်း၌ရပ်နားထားစဉ်အာမခံ
 (င) ကုန်တင်တန်ဆာခအာမခံ 
 
(မြန်မာ့အာမခံလုပ်ငန်းတွင် ကုန်တင်တန်ဆာခလက်ခံဆောင်ရွက်ခြင်းမရှိပါ)


 

ရေယာဉ်ကိုယ်ထည်အာမခံထားရှိရာတွင် အဆိုလွှာနှင့်အတူ သက်တမ်းရှ ိရေယာဉ်လိုင်စင် မိတ္တူ၊ ရေယာဉ်၏ရှေ့/နောက်/ဝဲ/ယာ ဓါတ်ပုံ(၄)ပုံနှင့် စက်ခန်းဓါတ်ပုံ(၁)ပုံ၊ ရေယာဉ်မှူး၏ အောင် လက်မှတ်မိတ္တူ၊ ရေယာဉ်မှူး၏ ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်၊ စစ်ဆေးချက်အစီရင်ခံစာ (အခါ အားလျော်စွာ)၊ ရေယာဉ်တန်ဘိုးအထောက်အထားများ ပူးတွဲတင်ပြရန်လိုအပ်ပါသည်။

 မှတ်ချက်။ရေယာဉ်သက်တမ်းအနှစ်(၂၀)ကျော်ပါက ကျသင့်ပရီမီယံအပေါ် ၁၀% ထပ်ဆောင်း ကောက်ခံပါသည်။

 

ရေယာဉ်ကိုယ်ထည်အာမခံကို လုံးဝဆုံးရှုံးမှုအကာအကွယ်နှင့် အလုံးစုံအန္တရာယ်အကာ အကွယ်ဟူ၍ အကာအကွယ် ၂ မျိုးဖြင့် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ပုဂ္ဂလိကပိုင်ရေယာဉ်များ ကို လုံးဝဆုံးရှုံးမှုအကာအကွယ်ဖြင့်လည်းကောင်း၊ အစိုးရပိုင်နှင့် မြန်မာ့ကြယ်ငါးပွင့်သင်္ဘော လုပ်ငန်းပိုင်ရေယာဉ်များကို အလုံးစုံအန္တရာယ်အကာအကွယ်ဖြင့်လည်းကောင်း၊ ရုံးချုပ်ခွင့်ပြုချက် ရယူပြီး လက်ခံဆောင်ရွက်ပေးပါသည်။ ဆုံးရှုံးမှုဖြစ်ပါက မြန်မာ့အာမခံလုပ်ငန်းသို့ ချက်ချင်း အကြောင်းကြား လျော်ကြေးတောင်းခံရမည်။

 

Form Download:

ရေယာဉ်ကိုယ်ထည်အာမခံလုပ်ငန်းပုံစံ

 

 ဦးစီးဌာန: မြန်မာ့အာမခံလုပ်ငန်း

 

မြန်မာ့အာမခံလုပ်ငန်းရှိ အခြားသော Topics များ