Types: Topics
Categories: စီမံကိန်းနှင့်ဘဏ္ဍာရေး
agencies: မြန်မာ့အာမခံလုပ်ငန်း

ငွေသားလုံခြုံမှုအာမခံလုပ်ငန်း

 

နိုင်ငံပိုင်လုပ်ငန်းများ၊ သမဝါယမပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကပိုင်လုပ်ငန်းများသည် မိမိတို့ လက်ဝယ်ရှိငွေများကို လုပ်ငန်းတည်ရှိရာနေရာတွင် ရုံးပိတ်ရက်များအပါအဝင် သိမ်းဆည်းစဉ် ဖောက်ထွင်းခိုးယူခံရခြင်းကြောင့် ဆုံးရှုံးသွားသောငွေကို ပြန်လည်အစားထိုးရရှိနိုင်ရန် ငွေသား လုံခြုံမှုအာမခံကိုထားရှိနိုင်ပါသည်။ အာမခံသက်တမ်း (၁) ရက်မှ (၁) နှစ်အထိ ထားရှိနိုင်ပါသည်။


အာမခံထားငွေမှာ သိမ်းဆည်းမည့်ငွေပမာဏဖြစ်၍ အဆိုပါငွေများကို ဖောက်ထွင်းခိုးယူခံ ရခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက်၍ လုယူခံရခြင်းများအန္တရာယ်မှ အကာအကွယ်ပေးပါသည်။ ဆုံးရှုံးမှုဖြစ်ပါက မြန်မာ့အာမခံလုပ်ငန်းသို့ ချက်ချင်းအကြောင်းကြား လျော်ကြေးတောင်းခံရမည်။

 

ပရီမီယံနှုန်းမှာ -

(က)
အစိုးရဌာနများ/ ပုဂ္ဂလိကဘဏ်များငွေကျပ် ၁၀၀/-လျှင် အမြင့်ဆုံး ပရီမီယံ .၅၀ ကျပ်မှအနိမ့်ဆုံး ပရီမီယံ .၂၀ ကျပ်
(ခ) ပုဂ္ဂလိကလုပ်ငန်း၊ ပုံသေ ငွေကျပ် ၁၀၀/-လျှင် အမြင့်ဆုံး ပရီမီယံ ၁ ကျပ်
(ဂ) သမဝါယမအဖွဲ့အစည်း၊ ပုံသေ ငွေကျပ် ၁၀၀/-လျှင် အမြင့်ဆုံး ၁% မှ အနိမ့်ဆုံး.၅၀%

 

 

Form Download:

ငွေသားလုံခြုံမှုအာမခံလုပ်ငန်းပုံစံ

 

 ဦးစီးဌာန: မြန်မာ့အာမခံလုပ်ငန်း

 

မြန်မာ့အာမခံလုပ်ငန်းရှိ အခြားသော Topics များ