d4cover

အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ (အဝေးပြေး)

Category: ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန

အဝေးပြေးယကက၏ ရည်ရွယ်ချက် (၁၁)ရပ်

(၁) ခရီးသည်များဘေးအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေး၊
(၂) ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေရေး၊
(၃) ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ဘ၀တိုးတက် စေရန် ကြံဆဆောင်ရွက်ရေး၊
(၄) မော်တော်ယာဉ်အသင်းများ စနစ်တကျရှိရေး၊
(၅) ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်းကြပ်မတ်ရာတွင် ပါ၀င် ပူးပေါင်းဆောင်ရွက်ရေး၊
(၆) သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးကို မထိခိုက်စေသော ခေတ်မီ ပို့ဆောင်ရေးစနစ်ဖြစ်ထွန်းစေရန် ပူးပေါင်းဆောင်ရွက်ရေး၊။
(၇) ကော်မတီ၏ ကြီးကြပ်မှုတွင် အကျုံး၀င်သည့် ယာဉ်နှင့်ယာဉ်လုပ် သားများ တည်ဆဲဥပဒေနှင့်အညီ လိုက်နာရန်ညွှန်ကြားမှု ပြုရေး၊ ။
(၈) မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံလုပ်ငန်းများ အစဉ်တိုးတက် စေရန် အတွက် ၀န်ကြီး၏ သဘောတူညီချက်ဖြင့် လုပ်ငန်းများ တိုးချဲ့တည် ထောင်ရေး၊
(၉) လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်း၊ ယာဉ်အသင်းများလွှဲပြောင်း မှတ်ပုံ တင် ခြင်း၊ မှတ်ပုံတင်ပြီးသောယာဉ်များ လုပ်ငန်းဆောင်ရွက်ရာတွင် စနစ်တကျရှိစေခြင်း၊ ကော်မတီ၏ရံပုံငွေနှင့် အဆောက်အအုံ၊ ပစ္စည်းများသုံးစွဲထိန်း သိမ်းခြင်းများကို နည်းဥပဒေနှင့်အညီ စီမံ ခန့်ခွဲရေး၊
(၁၀) လစဉ် လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာ၊ အစည်းအဝေး မှတ် တမ်း၊ ငွေစာရင်းရှင်းတမ်းနှင့်စာရင်းဇယားများကို အချိန်မီ တင်ပြရန် စီမံဆောင်ရွက်ရေး၊၊
(၁၁) ကော်မတီသည် မိမိအစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း မိတ္တူများကို ၀န်ကြီးထံ ပေးပို့ရမည်။

 

 အဓိကလုပ်ငန်းတာဝန်များ

(၁) မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေး၀န်ကြီးဌာန ၀န်ကြီးမှ ဖွဲ့စည်း တာ၀န်ပေးသည်။ အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ် ရေးလုပ်ငန်းကော်မတီဟူ၍ သတ် မှတ်ခေါ်ဆိုသည်။ အဖွဲ့၀င်(၇)ဦးဖြင့်ဖွဲ့စည်းသည်။ အားလုံးရွေးချယ်ခံယာဉ်ပိုင်ရှင်ကိုယ်စား လှယ်များဖြစ်သည်။ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ကော်မတီ၀င်(၄)ဦး ပါ၀င် ဖွဲ့စည်း သည်။ ကော်မတီ (၇)ဦးအပါအ၀င် (၁၃၀)ဦးဖြင့် ဖွဲ့စည်းသည်။ ကော်မတီ(၇)ဦး၊ ရုံး၀န်ထမ်း (၁၂၃)ဦးဖြစ်သည်၊
(၂) ယကကရုံးချုပ်၊ ဌာနတွင်းစစ်ဆေးရေး၊ ဌာနခွဲများဟု ဖွဲ့စည်းသည်။ ရုံးချုပ်တွင် စီမံဌာန၊ ဘဏ္ဍာဌာန၊ ပို့ဆောင်ဌာန၊ ထောက်ပံ့ဌာန၊ ကွန်ပျူတာဌာနဟူ၍ ခွဲခြား ထားရှိသည်။ ရုံး၀န်ထမ်း၊ လိုင်း၀န်ထမ်းဟူ၍ ခွဲခြားသတ်မှတ်ထားသည်၊
(၃) ဌာနခွဲများအောက်တွင် စည်းကြပ်ခကြီးကြပ်/ကောက်ခံရေးစခန်း (၅)ခုနှင့် ယာဉ်/ပြေးဆွဲမှု စစ်ဆေးရေးစခန်း(၅)ခု၊ ပေါင်း ပြင်ပစခန်း (၁၀)ခုထားရှိ လုပ်ငန်းဆောင်ရွက်သည်၊
(၄) အောက်ပါလုပ်ပိုင်ခွင့်များကို ကျင့်သုံးလုပ်ဆောင်သည်-
(ကက) မော်တော်ယာဉ်လုပ်ငန်း လုပ်ကိုင်လိုသော ပုဂ္ဂိုလ်နှင့် ယာဉ် အသင်း သည် ကော်မတီတွင် မှတ်ပုံတင်၍ လုပ်ငန်းလုပ်ကိုင် စေခြင်း၊။
(ခခ) ဥပဒေအရ မှတ်ပုံတင်ပြီးသော မော်တော်ယာဉ် (သို့မဟုတ်) မော်တော်ယာဉ် အသင်းများ၏မော်တော်ယာဉ်လုပ်ငန်း လုပ်ကိုင်ခြင်းတွင် စနစ်တကျရှိရေး၊ အဆင်ပြေချောမွေ့စေရေးအတွက် စီမံဆောင် ရွက်ခြင်း၊ နည်းဥပဒေနှင့်အညီ အဖွဲ့လိုက်ကွင်းဆင်းစစ်ဆေးအရေး ယူစေခြင်း၊
(ဂဂ) ဒေသဆိုင်ရာကော်မတီအဆင့်ဆင့်တို့အား ကြီးကြပ်ဆောင်ရွက်ခြင်း၊ စီမံ ခန့်ခွဲခြင်း။
 
  ရုံးလိပ်စာ အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီရုံး၊ ၆၃ လမ်း၊ ၃၃× ၃၄ လမ်းကြား၊ မန္တလေးမြို့။
  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂ ၃၉၂၅၀
  ဖက်စ်ဖုန်း ၀၂ ၇၂၇၅၀
   အီးမေးလ်လိပ်စာ -             
   Facebook Page -
   Website -

  

Eservices   Topics
 
News