ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ဒေသ-၅-မန္တလေး) 

Category: ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

 

ဦးစီးဌာန၏ ရည်ရွယ်ချက်

(၁) နိုင်ငံတော်၏ ရေသယံဇာတများဖြစ်သည့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်စေပြီး ရေသယံဇာတများကို နိုင်ငံတော်အတွက် အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပြည်တွင်းမြစ်ကြောင်းသွားရေယာဉ်ကြီး/ငယ်များ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လွယ်ကူချောမွေ့စွာ ခုတ်မောင်းသွားလာနိုင်ကြစေရန် ဖြစ်ပါသည်။

 

 ဦးစီးဌာန၏ မူ၀ါဒရည်မှန်းချက် လုပ်ငန်းစဉ်များ

(၁) ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ မတိမ်ကောဘဲ ပြည်သူများအကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ထိန်းသိမ်းကာကွယ်ရန်။
(၂) မြစ်ချောင်းများအတွင်း ရေလမ်းကြောင်းဆက်သွယ်မှု လုံခြုံချောမွေ့စေရန်။
(၃) ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်။

 

ဦးစီးဌာန၏ လုပ်ငန်းတာဝန်းများ

(၁) မြစ်များရေလမ်းကြောင်း ကောင်းမွန်ပြီး မြို့ဆိပ်ကမ်းများ မပြောင်းရွှေ့ရဘဲ တစ်ဆယ့်နှစ်ရာသီအသုံးပြုနိုင်စေရန်။
(၂) မြို့ရွာများ ရေတိုက်စားကမ်းပြိုမှုမှ ကာကွယ်ရန်။
(၃) မြို့များအလိုက် စိုးရိမ်ရေမှတ်များ သတ်မှတ်ရာတွင် မှန်ကုန်မှုရှိစေရန်အတွက် ပေါင်းစပ်ဆောင်ရွက်ရန်။
(၄) မြစ်ရေအား သောက်သုံးရေအဖြစ်လည်းကောင်း၊ စိုက်ပျိုးရေအဖြစ်လည်းကောင်း၊ တစ်ဆယ့်နှစ်ရာသီအသုံးချ နိုင်စေရန်အတွက် ညှိနှိုင်းဆောင်ရွက်ရန်။
(၅) နယ်စပ်မြစ်များတွင် မိမိနိုင်ငံမြေများ မဆုံးရှုံးစေရေးအတွက် ကာကွယ်တားဆီးရန်။
(၆) စီမံကိန်းဝင်မြစ်ကူးတံတားကြီးများ ရေရှည်တည်တံ့စေရေးအတွက် စစ်ဆေးတင်ပြရန်။
(၇) မြစ်ကြောင်းများ ရေအနက်မြင့်မားစေရေးနှင့် ရေယာဉ်များ ဝန်တင်အလေးချိန်တိုးတက် တင်ဆောင်သွားလာနိုင်စေရန်။
 
  ရုံးလိပ်စာ

၉၂လမ်း၊ ကမ်းနားလမ်းအောက်လမ်း၊ ၃၄x၃၅လမ်းကြား ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂ ၄၀၆၀၂၃၇
  ဖက်စ်ဖုန်း
   အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.         
   Facebook Page
   Website www.dwir.gov.mm

  

Eservices   Topics
 
No tagged items found
 
News