h11cover

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန

Category: ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

   

ရည်ရွယ်ချက်

(၁) ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေး။
(၂) ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး။
(၃) သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့် အများပြည်သူအကျိုးအတွက် ဆောင်ရွက်သည့် ကိစ္စရပ်များတွင် သယ်ယူပို့ဆောင်ရေး ယာဉ်လိုအပ်ချက်များ ကို ညှိနှိုင်း စီစဉ်ဆောင်ရွက်ပေးရေး။

လုပ်ငန်းတာဝန်များ။

(၁) ပုဂ္ဂလိက ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း အတွက် ဥပဒေနှင့်အညီ စိစစ် ခွင့်ပြုခြင်း၊ လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်း၊ စည်းကမ်းချက်များ သတ်မှတ်ခြင်း။
(၂) ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်း များနှင့်အညီ ပြေးဆွဲ လုပ်ကိုင်စေရေး တို့အတွက် ကြီးကြပ်ခြင်း၊ စစ်ဆေးအရေးယူခြင်း။
(၃) လုပ်ငန်းလိုင်စင်ဆိုင်ရာ အခွန်အခများ စည်းကြပ်ကောက်ခံခြင်း။
(၄) ယာဉ်အသင်းအဖွဲ့/ယာဉ်လိုင်းများ ပြေးဆွဲလုပ်ကိုင်ခွင့် လျှောက်ထားခြင်းအား စိစစ်ခွင့်ပြုခြင်း။
(၅) အရေးပေါ် အခြေအနေများ၊ သဘာဝ ဘေးအန္တရာယ်များ ပေါ်ပေါက် လာချိန် တွင် ဖြစ်ပေါ်လာသော သယ်ယူပို့ဆောင်ရေး လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင် ရေးအတွက် ကြိုတင်စီမံ ပြင်ဆင်ထားရှိခြင်း၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခြင်း။
(၆) သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း ကော်မတီ၊ ဆပ်ကော်မတီ များတွင် ပါဝင် ဆောင်ရွက်ခြင်း။

လုပ်ငန်းလိုင်စင်ဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ခြင်း။

အောက်ပါလုပ်ငန်း လိုင်စင်ကိစ္စရပ်များအား ဆောင်ရွက်ပေးလျှက်ရှိပါသည်။

စဉ် လုပ်ငန်းအအမျိုးအစား လိုင်စင်
(၁) ခရီးစဉ်၊ ဒေသကုန်စည်ပို့ဆောင်ခွင့် “က”
(၂) ခရီးစဉ်၊ ခရီးသည်ပို့ဆောင်ခွင့် “ ခ”
(၃) စင်းလုံးငှား ခရီးသည်ပို့ဆောင်ခွင့် “ ဂ ”
(၄) ပဋိညာဉ်အရ ပို့ဆောင်ခွင့် “ ဃ ”
(၅) ကိုယ်ပိုင်စီးပွားရေးအတွက်ကုန်စည်ပို့ဆောင်ခွင့် “ င ”

 

     
  ရုံးလိပ်စာ

တိုင်းဒေသကြီးဦးစီးမှူး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန၊ ၈၃ လမ်း၊ ၃၄ × ၃၅ ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့

  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂ ၃၆၃၆၂
  တိုင်းဒေသကြီးဦးစီးမှူး ၀၂ ၃၆၃၆၄
  အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ
   Social Link  

 

Eservices   Topics
   
News