မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ(မြို့တွင်း)
Category: ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
ရည်ရွယ်ချက်
(၁) | ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး |
(၂) | ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေး |
(၃) | ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များဘဝ တိုးတက်စေရန် ကြံဆ ဆောင်ရွက်ရေး |
(၄) | မော်တော်ယဉ်အသင်းအဖွဲ့များ စနစ်တကျရှိစေရေး |
(၅) | ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းကြပ်မတ်ရာတွင် ပါဝင်ဆောင်ရွက်ရေး |
(၆) | သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မထိခိုက်စေသော ခေတ်မီပို့ဆောင်ရေးစနစ် ဖြစ်ထွန်းစေရန် ပူးပေါင်းဆောင်ရွက်ရေး |
(၇) | ကော်မတီ၏ကြီးကြပ်မှုတွင် အကျုံးဝင်သည့် ယာဉ်နှင့် ယာဉ်လုပ်သားများကို တည်ဆဲ ဥပဒေများနှင့်အညီ လိုက်နာရန် ညွှန်ကြားမှုပြုရေး |
ဆောင်ပုဒ်
(၁) | ခရီးသွားသူ၊ ပြည်သူအများ၊ ဘေးရန်ကင်းကွာ၊ စိတ်ချမ်းသာဖြင့်၊ သွားလာနိုင်ရေး၊ ကြီးကြပ်ဆောင်ရွက်ပေး၊ |
အဓိကလုပ်ငန်းတာဝန်များ
(၁) | ခရီးသွားပြည်သူများ ဘေးန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး နေ့စဉ်ပြေးဆွဲ မော်တော်ယာဉ်များအား ယာဉ်မှတ်ပုံတင်းသက်တမ်း ရှိ/မရှိ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ သတ်မှတ်ယာဉ်မောင်း/လိုက် လိုင်စင်များ ရှိ/မရှိ စစ်ဆေးခြင်း၊ |
(၂) | ယာဉ်လိုင်းများအတွက် သတ်မှတ်ပေးထားသော ခရီးစဉ်လမ်းကြောင်းအတိုင်း မောင်းနှင်မှု ရှိ/မရှိ၊ ပြိုင်ဆိုင်မောင်းနှင်မှု ရှိ/မရှိ၊ ယာဉ်လမ်းကြောပိတ်ဆို့မှု မရှိစေရေး၊ ယာဉ်မရပ်ရ နေရာ ရပ်တန့်ထားမှု ရှိ/မရှိ စစ်ဆေးခြင်း၊ |
(၃) | ယာဉ်ထိန်း၊ စည်ပင်၊ ပို့/ဆက် ဌာနများနှင့် ပူးပေါင်း၍ မြို့တွင်းယာဉ်စည်းကမ်း ထိန်းသိမ်း ကြပ်မတ်ရာတွင် ပူးပေါင်းအဖွဲ့များ၌ ပါဝင်ဆောင်ရွက်ခြင်း၊ |
(၄) | ယာဉ်ထိန်း၊ ကညန၊ ပို့/ဆက် ဌာနများနှင့် ပူးပေါင်း၍ ယာဉ်အသင်းများအား အလှည့်ကျ ဖိတ်ကြား၍ ယာဉ်မှူး၊ ယာဉ်လိုက်များ ယာဉ်စည်းကမ်း ပိုမိုလိုက်နာ စေရေး၊ ယာဉ်စည်းကမ်းလမ်းစည်းဆိုင်ရာ ဆွေးနွေးဟောပြောပွဲများ လစဉ် စဉ်ဆက် မပြတ် ဆောင်ရွက်ခြင်း၊ |
(၅) | မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်အတွင်း ကျင်းပပြုလုပ်သည့် လူမှု၊ ဘာသာ/ သာသနာ၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား စသည့် ကဏ္ဍများတွင် အသုံးပြုရန် လိုအပ်သည့် သယ်ပို့လုပ်ငန်းသုံးယာဉ်များကို အချိန်နှင့် တပြေးညီ စီစဉ်ဆောင်ရွက် ပေးခြင်း၊ |
(၆) | ခရီးသွားပြည်သူများမှ ပေးပို့လာသော အကြံပြုချက်များ၊ တိုင်ကြားစာများအား လက်ခံဆောင်ရွက်ပေးခြင်း၊ အရေးယူဆောင်ရွက်ပေးပြီး အကြောင်းပြန်ကြားခြင်း၊ |
(၇) | ယာဉ်အသင်းတွင်း ပြဿနာများ၊ ယာဉ်အသင်းတစ်သင်းနှင့် တစ်သင်း ဖြစ်ပွားသော ပြဿနာများကို နှစ်ဖက်ပြေလည်သည်အထိ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ အရေးယူ ဆောင်ရွက်ခြင်း၊ |
ရုံးလိပ်စာ | တိုင်းဒေသကြီးယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ (မြို့တွင်း) ရုံး၊ ၆၃ လမ်း၊ ၃၃ လမ်း x ၃၄ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့၊၊ | |
ဆက်သွယ်ရန်ဖုန်းနံပါတ် | ၀၂ ၃၉၂၃၅၊ ၀၉ ၂၀၀၉၀၉၅ | |
ဖက်စ်ဖုန်း | - | |
အီးမေးလ်လိပ်စာ | - |
|
Facebook Page | - |
|
Website | - |
Eservices | Topics | |
|
||
News | ||