ကုန်းလမ်းပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေး ဌာနခွဲ(မန္တလေး)

Category: ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

  

ရည်မှန်းချက်

ကုန်းလမ်းပို့ဆောင်ရေး၏လုပ်ငန်းရည်မှန်းချက်များမှာအောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) ကုန်စည်၊ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများကို ပြည်တွင်း၊ပြည်ပမှ ရင်းနှီးမြှပ်နှံမှုများဖြင့်အကျိုးတူတိုးချဲ့ဆောင်ရွက်ပြီးပြည်သူလူထု အား ထိရောက်သက်သာသော ဝန်ဆောင်မှုပေးရန်နှင့် ဝင်ငွေတိုးမြှင့် ရှာဖွေရန်။
(၂) ပြည်နယ်/တိုင်းဒေသကြီးများအား ဆက်စပ်၍ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို အများပိုင် ကော်ပို့ရေးရှင်း ထူးထောင်၍လုပ်ငန်း အောင်မြင်အောင်ဆောင်ရွက်ရန်။
(၃) ကုန်းလမ်းပို့ဆောင်ရေးရှိသက်တမ်းလွန်ယာဉ်ဟောင်းများအားအပ် နှံပြီးယာဉ်သစ်များဖြည့်တင်းနိုင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်ရန်
(၄) အဆင့်မြင့်ယာဉ်များအား ပြုပြင်နိုင်သည့် ယာဉ်ပြင်သင်တန်းများ၊ ယာဉ်မောင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် လူစွမ်းအားအရင်း အမြစ်များဖွံဖြိုးတိုးတက်ရေးဆောင်ရွက်သွားရန်။
(၅) မြို့တွင်း ပို့ဆောင်ရေး လုပ်ငန်းများအား ခေတ်မီယာဉ်များ၊ခေတ်မီ နည်းစနစ်များဖြင့်ပြေးဆွဲဆောင်ရွက်သွားရန်။
(၆) ကွန်တိန်နာတင်ယာဉ်များအား အသုံးပြု၍ (Muti Model)စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ရန်သာမကနယ်စပ်ဖြတ်ကျော်ကုန်စည်ပို့ဆောင် ရေးလုပ်ငန်းများကိုပါ တိုးချဲ့ လုပ်ကိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားရန်။

 

အဓိကလုပ်ငန်းတာဝန်များ

(၁) ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးနှင့်ပြင်ပပုဂ္ဂလိကယာဉ်များ သယ်ပို့ခဈေးကစားမှုကြောင့်ကုန်ဈေးနှုန်းကြီးမြင့်မှုကို ကာကွယ်ရန် မှန်ကန်သက်သာသောဈေနှုန်းဖြင့်ကုန်စည်များကိုနိုင်ငံတော်ပိုင်ဌာနယာဉ်များဖြင့်သယ်ပို့ပေးခြင်းဖြင့်ပြည်သူလူထုအားထိရောက်သက်သော ဝန်ဆောင်မှုပေးခြင်း။
(၂) ပြည်aသူများ၏ လူစွမ်းအားအရင်းအမြစ်များဖွံဖြိုးတိုးတက်စေရေးအ တွက်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းပညာပေးသင်တန်းဖွင့်လှစ်၍ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနဖြင့်ညှိနှိုင်းကာစာတွေ့ လက်တွေ့ စစ်ဆေး၍ဆိုင်ကယ်စီးလိုင်စင်ထုတ်ပေးခြင်း။
(၃) ပြည်သူလူထု၏ လူ့စွမ်းအား အရင်းအမြစ်များဖွံဖြိုးတိုးတက်စေရန် ယာဉ်စည်းကမ်း သင်ကြားပေးခြင်းနှင့် ယာဉ်ငယ်မောင်းသင် တန်း ဖွင့်လှစ် သင်ကြားပေးခြင်း။ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနဖြင့် ညှိနှိုင်း၍ စာတွေ့၊ လက်တွေ့စစ်ဆေး၍ယာဉ်ငယ် မောင်းလိုင်စင်ထုတ်ပေးခြင်း။
     
  ရုံးလိပ်စာ အကွက်အမှတ်(၄၉၁)တမ္ပဝတီရပ်ကွက်၊ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့
  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂ ၇၀၁၉၃၊ ၀၂ ၅၉၀၂၆၊ ၀၂ ၅၉၀၂၈
  အီးမေးလ်လိပ်စာ  
  website လိပ်စာ  
   Social Link  

 

Eservices   Topics
   
News