ယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီ(ကုန်တင်ယာဉ်နှင့် ခေါက်တိုယာဉ်)

 

Category: လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန

 

ရည်ရွယ်ချက်

(၁) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီးပွားရေး ဆိုင်ရာ လိုအပ်ချက်များ ဖြစ်သော ကုန်စည် စီးဆင်းမှု ဆိုင်ရာ အချက် အလက်များ ပြုစု တင်ပြခြင်း။
(၂) ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေ ရေး။
(၃) ကုန်တင်ယာဉ်လုပ်သားများ စည်းကမ်း စနစ်တကျရှိပြီး ၄င်းတို့၏ ဘဝတိုးတက် မြင့်မား စေရေး။

 

 ဆောင်ပုဒ်

(၁) ကုန်စည်ပို့ဆောင် စနစ်ကျအောင် ကြိုးပမ်းဆောင်ရွက်ပြည့်သူ့ အတွက်။

 

အဓိကလုပ်ငန်း

(၁) ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေး။
(၂) ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ ဘဝတိုးတက်စေရန် ကြံဆဆောင်ရွက်ရေး။
(၃) ကုန်ဂိတ်၊ ကုန်တင်ယာဉ်များ စနစ်တကျရှိရေး။
(၄) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်း ကြပ်မတ် ရာတွင်ပါဝင်ပူးပေါင်း ဆောင်ရွက်ရေး။
(၅) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မထိခိုက် စေသော ခေတ်မှီပို့ဆောင်ရေးစနစ်ဖြစ်ထွန်း စေရန် ပူးပေါင်း ဆောင်ရွက်ရေး။
(၆) လုပ်ငန်းအစီအစဉ် ရေးဆွဲခြင်း၊ ယာဉ်အသင်းများ၊ ကုန်စည်ဂိတ်များ မှတ်ပုံတင်ခြင်း၊ မှတ်ပုံတင်ပြီးသော ယာဉ်များလုပ်ငန်း ဆောင်ရွက်ရာတွင် စနစ်တကျ ရှိစေရေး။
(၇) ပြည်သူလူထုနှင့် ယာဉ်လုပ်သားများအကြား ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းများ သိရှိလိုက်နာစေရေး ဆွေးနွေး ပညာပေးရေး။

 

ယာဉ်ပိုင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ကုန်စည်ဂိတ်များ၏အကျိုးပြုလုပ်ငန်းများ

(၁) CNG တပ်ဆင်ခွင့်ရရှိနိုင်ရေး ဆောင်ရွက်ပေးခြင်း။
(၂) ယာဉ်အသင်း ဂိတ်လျှောက်ထားခြင်း။
(၃) အရေးပေါ်ကာလနှင့် သဘာဝဘေးအန္တရာယ်ကိစ္စတွင် ပါဝင်ဆောင်ရွက် ခြင်း။
(၄) ယာဉ်လောကသား များ၏ ကိစ္စအဝဝ ဆောင်ရွက် ပေးခြင်း။

 

CNG တပ်ဆင်ခွင့် ဆောင်ရွက်ပေးခြင်း။

(၁) CNG တပ်ဆင်လိုသောယာဉ်များသည် အထွေထွေ မန်နေဂျာ မော်တော်ယာဉ်သုံးသဘာဝ ဓါတ်ငွေ့ဌာန၊ မြန်မာ့ ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းသို့လိပ်မူ လျှောက်ထား ရပါသည်။ ထိုသို့လျှောက်ထားရာတွင် ကော်မတီ၏ ကြီးကြပ်မှု အောက်ရှိ ယာဉ်အသင်း၊ ကုန်စည် ဂိတ်များ တွင် အမှန်တကယ် ပြေးဆွဲ နေကြောင်း ထောက်ခံချက် ပေးပို့ ဆောင်ရွက် ရပါသည်။
(၂) ယာဉ်သင်းဂိတ် လျှောက်ထားခြင်း။ ကုန်တင်ယာဉ် အသင်းများကုန်စည် ဂိတ်များ (အသစ်) ဖွင့်လှစ် ဆောင်ရွက်ရန် လျှောက်ထား လိုပါက စီမံချက်ရေးဆွဲပြီး ၄င်းစီမံချက်တွင် ပြေးဆွဲမည့် ယာဉ်အမျိုး အစား၊ စီရေး၊ ခရီးစဉ်များ ဖော်ပြ၍ တိုင်းဒေသကြီး ကုန်လမ်း နှင့် ပြည်တွင်း ရေကြောင်းသယ်ယူ ပို့ဆောင်ရေး အဖွဲ့ထံ လိပ်မူ၍ လျှောက်ထားရပါသည်။ လျှောက်ထားသော အသင်း၊ ကုန်စည်ဂိတ် များသည် မိမိကြီးကြပ်မှု နယ်မြေအတွင်း ရှိပါက ကန့်ကွက်ရန်ရှိ /မရှိ အကြောင်း ပြန်ကြား ဆောင်ရွက် ပေးရပါသည်။
(၃) အရေးပေါ်ကာလနှင့်သဘာဝဘေး အန္တရာယ်ကိစ္စတွင် ပါဝင်ဆောင်ရွက်ခြင်း။
(က) သဘာဝဘေး အန္တရာယ်များ ဖြစ်သောရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းကျရောက်ခြင်း ကြောင့် ပြည်သူများသဘာဝ ဘေးအန္တရာယ်ခံရပါက အစိုးရ အဖွဲ့နှင့်ပူးပေါင်း၍ ကယ်ဆယ်ရေး ပစ္စည်းများ သယ်ယူ ပို့ဆောင်ပေးခြင်း၊ အလှူငွေများ ပါဝင်လှူဒါန်း ခြင်းနှင့် ကူညီဆောင်ရွက်မှု များ ပါဝင်ဆောင်ရွက်ရပါသည်။
(ခ) လောက်ကိုင်ဒေသ စစ်ဘေးရှောင် ဒုက္ခသည်များအား နေရပ်သို့ ပြန်လည် ပို့ဆောင်ပေးရေးတွင် ယာဉ်များ စီစဉ်ပေးခြင်း၊ အဝတ်အထည်နှင့် စားနပ်ရိက္ခာများ လှူဒါန်းခြင်း စသည့်ကိစ္စ အဝဝများ ကူညီဆောင်ရွက် ပေးရပါသည်။
(၄) ယာဉ်လောကသားများ၏ ကိစ္စအဝဝဆောင်ရွက်ပေး ခြင်း။
(က) ယာဉ်လောကသားများ၏ သားရင်း သမီးရင်းများအား နှစ်စဉ် ပညာရည်ချွန် ဆုနှင့် ပညာသင် ထောက်ပံ့ငွေများ ပေးအပ် ဆောင်ရွက်ပါသည်။
(ခ) ယာဉ်တိမ်းမှောက်မှုနှင့် ယာဉ်မတော်တဆ ဖြစ်ပွားပါက (၁ဝ)ဘီး နှင့်အထက် ယာဉ်များအား ကျပ် တစ်သိန်း၊ (၈)ဘီးယာဉ်များအား ကျပ်ငါးသောင်း၊ (၆)ဘီး အောက် ယာဉ်များအား ကျပ်သုံးသောင်း ထောက်ပံ့ကူညီ ဆောင်ရွက် ပေးပါသည်။
(ဂ) ကုန်တင်ယာဉ်များမှ ကုန်စည်များ ပို့ဆောင်ရာတွင် သက်ဆိုင်ရာ ကုန်ဂိတ်များနှင့် ပွဲရုံများမှ အချိန်မီ ကုန်ချ ထားပေးခြင်း မရှိဘဲရက်ကြာမြင့်စွာ ထားရှိ ခံထား ရသည့် ယာဉ်များအား ကုန်ဂိတ်၊ပွဲရုံများနှင့် ညှိနှိုင်း ဆောင်ရွက် ပေးရပါသည်။
(ဃ) ယာဉ်များ ထိခိုက်အန္တရာယ် ဖြစ်ပွားပါကအခင်းဖြစ် နေရာသို့ လိုက်လံကြည့်ရှု ကူညီဆောင်ရွက် ပေးရ ပါသည်။
(င) ယာဉ်လုပ်သားများ၏သာရေး၊ နာရေးနှင့် ကျန်းမာရေး ဆေးကုသမှု များအား ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း များနှင့် အညီကူညီ ထောက်ပံ့ ပေးပါ သည်။

 

ယာဉ်လုပ်သားများအပေါ် ဆောင်ရွက်ပေးမှု အခြေအနေ

တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျှက်ရှိသော ကုန်တင်ယာဉ်ကြီးများနှင့် ခေါက်တိုယာဉ်များ၏ ယာဉ်လုပ်သားများအား အောက်ပါအတိုင်း ဆောင်ရွက်ပေးလျှက်ရှိပါသည်။

(၁) ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် မိသားစုဝင်များ၏ ပညာသင်စရိတ်နှင့် ပညာရည် ထူးချွန်ဆုများကို နှစ်စဉ်ချီးမြှင့်ပေးခြင်း။
(၂) ကုန်တင်ယာဉ်များနှင့် ပတ်သက်သည့် ကိစ္စအဝဝကိုလည်း သက်ဆိုင်ရာ ဌာနများသို့ တင်ပြညှိနှိုင်းပြီး ကူညီဆောင်ရွက်ပေးခြင်း။
(၃) ကုန်တင်ယာဉ်များမှ အရေးပေါ် ကိစ္စရပ်များ ဖြစ်ပေါ်လာပါက လိုအပ်သလို ကူညီဆောင်ရွက် ပေးခြင်း။
(၄) မှတ်ပုံတင်ကြေး၊ စည်းကြပ်ခ ရငွေများအပေါ်မှ ယာဉ်ပိုင်ရှင်များသို့ လုပ်အားဆုကြေးငွေအဖြစ် ပြန်လည်ချီးမြှင့်ဆောင်ရွက်ပေးခြင်း။
(၅) ယာဉ်လုပ်သားများဘဝ မလိုလားအပ်သော နစ်နာမှုများ မရှိစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် သတ်မှတ်ချက်များအား တိကျစွာ လိုက်နာစေရန် ပညာပေးဟောပြောခြင်း။
(၆) ယာဉ်လုပ်သားများ၏ လိုလားချက်ဖြစ်သော ကုန်တင်/ကုန်ချခြင်းပြဿနာ ကုန်တင်ခ ငွေကြေး ပေးရန် နှောင့်နှေးမှု ပြဿနာနှင့် လူမှုရေးပြဿနာများအား သက်ဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းဖြေရှင်းပေးခြင်း။
(၇) နောင်တွင် ကုန်တင်ယာဉ်များအတွက် လိုအပ်သော စက်သုံးဆီ၊ ချောဆီ အမျိုးမျိုးနှင့် ယာဉ်အပိုပစ္စည်းများကို သက်သာသော နှုန်းထားဖြင့် ရရှိအောင် လုပ်ငန်းများ လုပ်ဆောင်ရန် လျာထား ဆောင်ရွက်ခြင်း။
 
  ရုံးလိပ်စာ အဆောင်အမှတ် (MM)၊   အခန်းအမှတ်(5)၊   ပြည်ကြီးမင်္ဂလာ
ကုန်တင်ယာဉ် ရပ်နားစခန်း(စွယ်တော်)၊ အမရပူရမြို့နယ်၊ မန္တလေးမြို့။
  ဆက်သွယ်ရန်ဖုန်းနံပါတ်  090783133965
 

  

Eservices   Topics
 
News