j8

စီမံကိန်းရေးဆွဲရေးဦးစီးဌာန

Category: စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

 

မူဝါဒများ

(က) နိုင်ငံတော်၏စီးပွားရေး မူဝါဒများနှင့်အညီ ပြည်သူဗဟိုပြု ဒေသန္တရ စီမံကိန်းများရေးဆွဲရေး၊
(ခ) တိုင်းဒေသကြီးအတွင်းခရိုင်နှင့်မြို့နယ်များအချိုးကျမျှတစွာဖွံ့ဖြိုးတိုးတက်ရေး၊
(ဂ) မြို့ပြ/ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များကို အထောက် အကူပြုရေး၊
(ဃ) စာရင်းဇယားကိန်းဂဏန်းအချက်အလက်များ ပြည့်စုံမှန်ကန်ရေး၊

 

ရည်မှန်းချက်

၁။ ဒေသန္တရဘက်စုံဖွံ့ဖြိုးမှုစီမံကိန်းရေးဆွဲရန်၊
၂။ တိုင်းဒေသကြီး၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်ခရိုင်/မြို့နယ်များအလိုက် လိုအပ်သည့် ဦးစား ပေး ကဏ္ဍများ ၊ ဦးစားပေးအစီအစဉ်များအရ  ရင်းနှီးမြှုပ်နှံမှုများ  ရောက်ရှိစေရန်၊
၃။ တိုင်းဒေသကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် သတင်းအချက်အလက်နှင့် စာရင်းအင်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်နိုင်ငံတော်သို့ တင်ပြရန်၊
၄။ ပြည်သူဗဟိုပြုသည့် နှစ်စဉ်ဒေသန္တရ စီမံကိန်းများ၊ ကာလတို(၅)နှစ်ဒေသန္တရ စီမံကိန်းများ ရေးဆွဲတင်ပြရန်၊
၅။ မြို့ပြ/ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များကို အထောက်အကူပြု စီမံကိန်းများထည့်သွင်းရေးဆွဲရန်၊

 

လုပ်ငန်းစဉ်

(က) မြို့နယ်၊ ခရိုင်နှင့်တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့်ပုဂ္ဂလိက အသင်းအဖွဲ့ လုပ်ငန်းများ၏ စာရင်းအင်းအချက်အလက်များပေါင်းစပ်ညှိနှိုင်း၍ ဒေသန္တရဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲခြင်း။
(ခ) နှစ်စဉ်ဒေသန္တရစီမံကိန်းများ၊ကာလတို(၅)နှစ် ဒေသန္တရစီမံကိန်းတို့ကို ပြည်သူဗဟိုပြုဖွံ့ဖြိုးမှု အတွက် ဖြစ်စေရန်ဒေသ၏လိုအပ်ချက်များ၊   ပြည်သူများ၏  လိုအပ်ချက်များ၊ဒေသအလိုက် အနာဂါတ် မျှော်မှန်းချက်များပါဝင်သည့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများရေးဆွဲခြင်း။
(ဂ) တိုင်းဒေသကြီး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ခရိုင် / မြို့နယ်များအလိုက် လိုအပ်သည့် ဦးစားပေးကဏ္ဍများ၊ ဦးစားပေးအစီအစဉ်များရွေးချယ်ပြီး ရင်းနှီးမြှုပ်နှံမှုများ စီမံကိန်းများ ရေးဆွဲခြင်း။
(ဃ) တိုင်းဒေသကြီးဒေသန္တရ စီမံကိန်းဥပဒေရေးဆွဲ၍ တိုင်းဒေသကြီးလွှတ်တော်သို့တင်ပြ အတည်ပြု ချက်ရယူခြင်း။
(င) လက်ရှိအသုံးပြုနေသော ၁၉၆၈ ခုနှစ်၊ အမျိုးသား စာရင်းအင်းစနစ်မှ ၂၀၀၈ ခုနှစ်၊ အမျိုးသား စာရင်းအင်းစနစ်သို့ ပြောင်းလဲ ရေးအတွက်သင်တန်းများ တက်ရောက်စေခြင်း၊ စမ်းသပ်စာရင်း ရေးသွင်းခြင်းနှင့်လိုအပ်သည့်စစ်တမ်းများ ကိုကောက်ယူခြင်း။
(စ) ဒေသန္တရစီမံကိန်း အကောင်အထည်ဖော်နိုင်မှု အခြေအနေကို လစဉ်၊သုံးလပတ်၊ (၆)လပတ်၊ နှစ်ချုပ် အစီရင်ခံစာပြုစုခြင်း၊စုစည်းသုံးသပ်ခြင်းဆောင်ရွက်ခြင်း။
(ဆ) တိုင်းဒေသကြီးနှင့် ခရိုင်/မြို့နယ်အလိုက်သက်ဆိုင်သည့် စာရင်းအင်းများကို စုစည်းသုံးသပ် တင်ပြခြင်း။
(ဇ) တိုင်းဒေသကြီး၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေကိုပြုစုတင်ပြခြင်း။
(ဈ) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ်(၈)ရပ် ဆောင်ရွက်မှုအခြေအနေ စာရင်းပြုစုခြင်း။
(ည) တိုးချဲ့ဖွဲ့စည်းထားသော ဖွဲ့စည်းပုံနှင့်အညီ လိုအပ်သည့် ဝန်ထမ်းအင်အား၊ အိမ်ရာ၊ ရုံးခန်းများ၊ ရုံးအသုံးအဆောင်ပစ္စည်းများနှင့်မော်တော်ယာဉ်များဖြည့်ဆည်းနိုင်ရေးတင်ပြဆောင် ရွက်ခြင်း။
(ဋ) ဝန်ထမ်းအရည်အသွေးမြှင့်မားစေရေးအတွက် သင်တန်းများပေးခြင်း၊ ဆွေးနွေးပွဲများတက်ရောက် စေခြင်းများ ဆောင်ရွက်ခြင်း။
(ဌ) နိုင်ငံတော်နှင့် အထက်အဖွဲ့အစည်းအဆင့်ဆင့်မှအခါအားလျော်စွာ ပေးအပ်သောတာဝန်များ ကိုထမ်းဆောင်ခြင်း။

 

     
  ရုံးလိပ်စာ မန္တလေးတိုင်းဒေသကြီးစီမံကိန်းဦးစီးရုံး၊ ၆၂ x ၆၃ ကြား၊ စက်မှုပန်းခြံလမ်း၊ ပြည်ကြီးတံခွန်မြို့နယ်။
  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂-၈၂၁၄၀၊ ၀၂-၈၂၁၄၁၊ ၀၂-၈၂၁၄၂
  အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ -
     

 

Eservices   Topics
     
News